အက်ပဲလ်နှင့်ဆမ်ဆောင်းတို့၏ ခုနစ်နှစ်ကြာ မူပိုင်ခွင့်ဆိုင်ရာတရားဆိုင်မှုပြီးဆုံး

အက်ပဲလ်နှင့်ဆမ်ဆောင်းတို့၏ ခုနစ်နှစ်ကြာ မူပိုင်ခွင့်ဆိုင်ရာတရားဆိုင်မှုပြီးဆုံး

စမတ်ဖုန်းများ၏ ဒီဇိုင်းနှင့်ပတ်သက်၍ အမေရိကန်နည်းပညာ ကုမ္ပဏီ အက်ပဲလ်နှင့် တောင်ကိုရီးယားနည်းပညာကုမ္ပဏီကြီး ဆမ် ဆောင်းတို့၏ ခုနစ်နှစ်ကြာ တရားရေးအရရင်ဆိုင်မှုသည် ဇွန် ၂၇ ရက်တွင် ပြီးဆုံးခဲ့ပြီဖြစ်သည်။

အတုခိုး

သဘောတူညီမှုအခြေအနေကို ထုတ်ပြန်ခြင်းမရှိသေးချေ။ ဆမ် ဆောင်းသည် အိုင်ဖုန်းမျက်နှာပြင်ရှိ အိုင်ကွန်များဖွဲ့စည်းပုံကိုအတု ခိုးခဲ့သည့်အတွက် အက်ပဲလ်အား နစ်နာကြေးအဖြစ် ဒေါ်လာ ၅၃၉ သန်းပေးအပ်ရန် အမေရိကန်တရားသူကြီးတစ်ဦးက ဆုံးဖြတ်ခဲ့ပြီး ရက်သတ္တပတ်အနည်းငယ်အကြာတွင် ယခုကဲ့သို့ သဘောတူညီမှုရရှိခဲ့ ခြင်းဖြစ်သည်။ ကုမ္ပဏီကြီးနှစ်ခုကြား တရားဆိုင်မှုသည် ၂၀၁၁ ခုနှစ် တွင်စတင်ခဲ့သည်။ အက်ပဲလ်သည် ဆမ်ဆောင်းကိုတရားစွဲပြီး နစ်နာ ကြေးအဖြစ် ဒေါ်လာနှစ်ဘီလီယံကျော်လိုချင်ကြောင်း တောင်းဆိုခဲ့သည်။

အယူခံဝင်

အက်ပဲလ်နှင့်ဆမ်ဆောင်းတို့သည် ကမ္ဘာတစ်ဝန်းရှိ တရားရုံးများ တွင် တရားရင်ဆိုင်နေသည်။ ၂၀၁၂ ခုနှစ်တွင် အမေရိကန်တရားသူကြီး တစ်ဦးက ဆမ်ဆောင်းသည် အက်ပဲလ်အား နစ်နာကြေးအဖြစ်ဒေါ်လာ ၁ ဒသမ ဝ၅ ဘီလီယံပေးအပ်ရန်ဆုံးဖြတ်ခဲ့သည်။ သို့သော် ဆမ်ဆောင်း က ယင်းဆုံးဖြတ်ချက်ကို အယူခံဝင်ခဲ့ပြီး တရားလွှတ်တော်ချုပ်အား ဆုံးဖြတ်ပေးရန်လျှောက်ထားခဲ့သည်။ ဖုန်းဒီဇိုင်းပုံစံတချို့ကိုသာကူးချ ခဲ့သောကြောင့် နစ်နာကြေးများလွန်းနေကြောင်း ဆမ်ဆောင်းကပြော ဆိုခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် တရားလွှတ်တော်ချုပ်က ဆမ်ဆောင်း၏ပြောဆိုမှုကိုထောက်ခံပြီး နစ်နာကြေးလျှော့ပေါ့ရေးကို ဆုံးဖြတ်ရန် အောက်ရုံးအား ညွှန်ကြားခဲ့သည်။

မေတွင် ထပ်မံကြားနာစစ်ဆေးခဲ့သည်။ တရားသူကြီးက ၅၃၉ ဒေါ်လာပေးအပ်ရန်ဆုံးဖြတ်ခဲ့သောကြောင့် ဆမ်ဆောင်းရှုံးနိမ့်ခဲ့ပြန် သည်။ နစ်နာကြေးအဖြစ် ဒေါ်လာ ၂၈ သန်းသာပေးအပ်ရန်ရှိနေကြောင်း ဆမ်ဆောင်းက ပြောဆိုခဲ့သည်။