ဆိုင်ကယ်ဖြင့်လုယက်မှုကျူးလွန်သူများကို ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဆိုင်ကယ်ခြင်းတိုက်ကာ ဖမ်း ဆီးအရေးယူခဲ့ကြောင်း ဇွန် ၂၈ ရက်နေ့က မြိတ်မြို့ရဲစခန်းမှသိရသည်။
ဇွန် ၂၇ ရက်နေ့ ည ၈ နာရီ အချိန်ခန့်တွင် မြိတ်မြို့ နေ မောင်ဟိန်းဆက်အောင်သည် ၄င်းဒ၏ သူငယ်ချင်းဖြစ်သူ နှင့်အတူ ကန်ဖျားလမ်းမကြီး အတိုင်းဆိုင်ကယ်မောင်းနှင်နေစဉ် လေတပ်ဌာန ချုပ်အနီး အရောက် ၄င်းမောင်းနှင်သည့် ဆိုင်ကယ်နောက်မှ လူငယ် ၃ ဦးမောင်းနှင် သည့် ကလစ်ဘီးအမျိုးအစား ဆိုင်ကယ်နောက်မှလိုက်ပါလာပြီး သူငယ်ချင်းဖြစ်သူ ကိုင်ဆောင်ထား သည့် လက်ကိုင်အိတ်ကိုလုယူမောင်းနှင်ထွက်ပြေးသွားခဲ့သည်။
ထိုသို့မောင်းနှင်ထွက်ပြေးသွားသောကြောင့် ပတ်ဝန်းကျင်ရှိသို့ အကူညီတောင်းခံစဉ် လုယက် သူလူငယ် ၃ ဦးထဲမှ တစ်ဦးက ဆိုင်ကယ်ခြေနင်းတုံးပေါ်တင်ထားသည့် ဓါးရှည်ကို ဆွဲထုတ်ပြီး ရန်ပြုခဲ့သဖြင့် ဆက်မလိုက်တော့ဘဲ ကလွင် ရပ်ကျေးအဖွဲ့၊မြိတ်တောင်နယ်မြေ ရပ်/ကျေး အဖွဲ့နှင့် လှည့်ကင်းတာဝန် ထမ်းဆောင်နေတဲ့ရဲတပ်ဖွဲ့များကို တွေ့ရှိအကူညိတောင်းခံခဲ့ပြီး လိုက်လံ ဖမ်းဆီး ခဲ့သည်။
ပူးပေါင်းအဖွဲ့ကလိုက်လံဖမ်းဆီးစဉ် စပါးရွှေဝါလမ်းစည်ပင်ပျိုးပင်ဝင်းအနီး ဆိုင်ကယ်ဖြင့်လုယူသူ များကိုတွေ့ရှိပြီး ၄င်းတို့က ဆိုင်ကယ်ကိုရပ်တန့်ပေးခြင်းမရှိဘဲ ဓါးရှည်ဖြင့် ရန်ပြုကာ မောင်းနှင်ထွက် ပြေးသွားခဲ့သောကြောင့် အဆိုပါလူငယ်များကို ကလွင်ရပ်/ကျေးအုပ်ချုပ်ရေးမှူးမှ ဆိုင်ကယ်ဖြင့်ဝင် တိုက်ကာ တိမ်းမှောက်စဉ် ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသူများမှာမြိတ်မြို့ အင်းလေးမြိုင်ရပ်နေ လင်းထိုက်(ခ)ထိုက်ငယ်(ခ) လင်းလင်းထိုက် (၁၇)နှစ်၊ရန်နိုင်(ခ)နိုင်နိုင်(ခ)နိုင်ထက်လင်း(၁၉)နှစ်နှင့် ဝေယံထွန်း(ခ)မောင်ချင်း (၁၇)နှစ် တို့ဖြစ်ပြီး ၄င်းတို့ကို မြိတ်မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၈၂ ဖြင့်အရေးယူထားသည်။


















