နွားများသယ်ဆောင်လာသော မော်တော်ယာဉ် လက်နက်ငယ်ဖြင့် ပစ်ခတ်ခံရ လူ ၂ ဦးဒဏ်ရာ ပြင်းထန်စွာရရှိ

နွားများသယ်ဆောင်လာသော မော်တော်ယာဉ် လက်နက်ငယ်ဖြင့် ပစ်ခတ်ခံရ လူ ၂ ဦးဒဏ်ရာ ပြင်းထန်စွာရရှိ

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်ရှိ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် နွားများတင်ဆောင် လာသည့် ကုန်တင်ယာဉ် သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် ယာဉ်မောင်းအပါဝင် လူ ၂ ဦး ဒဏ် ရာရရှိ ခဲ့ပြီး နွားများ လည်း သေဆုံး/ထိခိုက်ဒဏ်ရာမျာ ရရှိခဲ့ကြောင်းသိရသည်။

ဇွန် ၂၈ ရက်နေ ည ၁၁ နာရီ ၄၀ အချိန့်တွင်ကျောက်မဲမြို့ခိုက်တုန်ဟုန်းကျေးရွာနှင့် ပင်တိန်ကျေးရွာ အုပ်စုကြား ရင်ခွဲတောင်အနီး နောင်ပိန်ဘက်မှနွားများတင်ဆောင်လာသည့် ကုန်တင်ယာဉ် သည်ကို လက်နက်ငယ်ဖြင့်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း အဆိုပါဒေသခံများက ထံမှသိရသည်။

ထိုသို့ပစ်ခတ်မှုကြောင့်မော်တော်ယာဉ်၏ရှေ့လေကာမှန်ကျည်ဖောက်ဝင်ခဲ့ပြီး ကားခေါင်းရှေ့ခြမ်း ဘေးခြမ်း တွင်ကျည်ဖောက်ဝင်ရာအများအပြားတွေ့ကို သက်ဆိုင်ရာက စစ်ဆေးတွေ့ရှိခဲ့သည်။

ထို့အပြင် မော်တော်ယာဉ်၏ ရှေ့ နံပါတ်ပြား အလယ်တွင် ကျည်ထိမှန်ဖောက်ထွက်ရာတစ်ခု တွေ့ရှိပြီး ယာဉ်မှာကားလမ်း၏ညာဘက်သို့ထိုးကျခဲ့သည်။

လက်နက်ငယ်ဖြင့်ပစ်ခတ်မှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသူ အမျိုးသား ၂ ဦး (စီစစ်ဆဲ) အနက် တစ်ဦးတွင် ဝမ်းဗိုက်ကျည်ပေါက်ဒဏ်ရာရရှိခဲ့သည့် အပြင် နွား ၄ ကောင်ထိခိုက်ဒဏ်ရာ ရှိကာ နွားတစ်ကောင်သေဆုံးခဲ့ကြောင်းသိရသည်။