အိန္ဒိယအရှေ့မြောက်၌ ရေကြီးမြေပြိုမှုကြောင့် စစ်ရဲတပ်ဖွဲ့ဝင် ၅ ဦးသေဆုံး

အိန္ဒိယအရှေ့မြောက်၌ ရေကြီးမြေပြိုမှုကြောင့် စစ်ရဲတပ်ဖွဲ့ဝင် ၅ ဦးသေဆုံး

အိန္ဒိိယအရှေ့မြောက်ဒေသတွင် မုတ်သုန်မိုး သည်းထန်နေစဉ် မောင်းနှင်နေသည့် စစ်ရဲတပ်မှ ဘတ်စ်ကားတစ်စီးပေါ် မြေပြိုကျ၍ စစ်ရဲတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်များက ဇွန် ၃၀ ရက်၌ပြောသည်။ 

အာနျူချေလ် ပရာဒက်ရှ်ပြည်နယ်၊ ဆီယန်ခရိုင်၌ စစ်ရေးလေ့ကျင့်ပြီးအပြန် ကျဉ်းမြောင်းသည့်တောင်တက်လမ်းအတိုင်း စစ်သည် ၂၀ ပါ ဘတ်စ်ကားမောင်းနှင်နေစဉ် ယင်းကားပေါ် ဧရာမကျောက်တုံးကြီးများပါဝင်သည့် မြေပြိုကျခဲ့ခြင်းဖြစ်သည်။ ဒဏ်ရာရသူများကို ရဟတ်ယာဉ်ဖြင့် အနီးဆုံးဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း၊ ယခုဖြစ်ရပ်သည် ပြည်နယ်၌ ငါးရက်အတွင်း ဒုတိယအကြိမ် မြေပြိုမှုနှင့်ဆက်နွှယ်သည့် ဒုတိယအကြိမ်မြောက် ထိခိုက်မှုဖြစ်ကြောင်း သိရသည်။ ဇွန် ၂၄ ရက်ကလည်း ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုအတွင်း ရေကြီးပြီး နံရံပြိုကျမှုကြောင့် အလုပ်သမား ၅ ဦး အရှင်လတ်လတ် မြှုပ်နှံခံခဲ့ရသကဲ့သို့ ဖြစ်ပွားခဲ့သည်။