တရုတ်၌ ခရီးသည်တင်ကားနှင့် ထရပ်ကားခေါင်းချင်းဆိုင်တိုက်၍ ၁၈ ဦး သေဆုံး

တရုတ်၌ ခရီးသည်တင်ကားနှင့် ထရပ်ကားခေါင်းချင်းဆိုင်တိုက်၍ ၁၈ ဦး သေဆုံး

တရုတ်နိုင်ငံအလယ်ပိုင်း၊ အဝေးပြေးလမ်းတစ်ခုတွင် ခရီးသည်တင်ဘတ်စ်ကားတစ်စီးနှင့် ထရပ်ကားတစ်စီးတို့ ခေါင်းချင်းဆိုင် တိုက်မိ်ခဲ့ရာမှ သေဆုံးသူ ၁၈ ဦးထိရှိကာ ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ဇွန် ၃၀ ရက်တွင် ပြောသည်။

ဇွန် ၂၉ ရက်ညနေပိုင်းက ဟူနန်ပြည်နယ်တွင် မိုးရေကြောင့် လမ်းချော်ခဲ့သည့် ယင်းယာဉ်မတော်တဆမှုကြောင့် ကားနှစ်စီးလုံးလည်း အကြီးအကျယ်ပျက်စီးခဲ့သည်။ အရှိန်ပြင်းစွာမောင်းခြင်း၊ အန္တရာယ်ကြီးစွာ ဖြတ်သန်းခြင်း၊ ယာဉ်မွမ်းမံမှုအားနည်းခြင်းနှင့် ယာဉ်မောင်းများပင်ပန်းနွမ်းနယ်ခြင်းတို့ကြောင့် တရုတ်တွင် ယာဉ်တိုက်မှုများ မကြာခဏ ဖြစ်ပွားခဲ့သည်။ 
    ဘေးကင်းလုံခြုံရေးဆောင်ရွက်မှု တိုးတက်လာသော်လည်း ယာဉ်မတော်တဆမှုကြောင့် တစ်နှစ်လျှင် တရုတ်၌ လမ်းသွားလမ်းလာများ၊ စက်ဘီးနှင့်ဆိုင်ကယ်စီးသူများအပါအဝင် လူ ၂၆၀ဝ၀ဝ သေဆုံးနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားသည်။ ခရီးရှည်သွားဘတ်စ်ကားများလည်း အသုံးများလာပြီး ယင်းတို့သည် မြန်နှုန်းမြင့်ရထား သို့မဟုတ် လေယာဉ်စီးနင်းခထက် ဈေးနှုန်းချိုသာ၍ တရုတ်အလုပ်သမားလူတန်းစားအများအပြား တွင်ကျယ်စွာစီးနင်းနေကြသည်။