မဲဆွယ်ပွဲများ အကြမ်းဖက်ခံခဲ့ရပြီးနောက် မက္ကဆီကိုရွေးကောက်ပွဲများ စတင်ကျင်းပ

မဲဆွယ်ပွဲများ အကြမ်းဖက်ခံခဲ့ရပြီးနောက် မက္ကဆီကိုရွေးကောက်ပွဲများ စတင်ကျင်းပ

မက္ကဆီကိုစီးတီး        ဇူလိုင် ၁
    အကြမ်းဖက်မှုများကြောင့် မဲဆွယ်ပွဲများ ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့ရပြီးနောက် မက္ကဆီကိုတစ်ဝန်းတွင် သမ္မတနှင့် ပါလီမန်အမတ်များကို ရွေးချယ်သည့် ရွေးကောက်ပွဲများကို ဇူလိုင် ၁ ရက်၌ စတင်ခဲ့သည်။

သမ္မတရာထူးအတွက် တစ်ပြေးနေသူမှာ အကျင့်ပျက်ခြစားမှုနှိမ်နင်းရန်ကတိပြုထားသည့် မက္ကဆီကိုစီးတီး မြို့တော်ဝန်ဟောင်း လက်ဝဲဝါဒီ အန်ဒရက်စ် မန်နျူရယ် လိုပက်ဇ် အော်ဘရာဒေါဖြစ်သည်။ စီးပွားရေးကျဆင်းမှု၊ အကျင့်ပျက်မှုနှင့် ရာဇဝတ်မှုတိုးတက်မှုတို့ကြောင့် ပြည်သူများသည် လက်ရှိသမ္မတ ပဲညားနီတိုးကို အစားထိုးလိုကြပြီး မဲဆွယ်ပွဲများတွင် ဆယ်စုနှစ်များစွာအတွင်း အဆိုးရွားဆုံးအကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည်။
    စက်တင်ဘာတွင် မဲဆွယ်ပွဲများစတင်ချိန်မှစ၍ နိုင်ငံတစ်ဝန်း အမတ်လောင်းနှင့် နိုင်ငံရေးဝန်ထမ်း ၁၃၀ ကျော် အသတ်ခံခဲ့ရသည်။ မက္ကဆီကိုသည် လက်တင်အမေရိက၏ ဒုတိယအကြီးဆုံးစီးပွားရေးပိုင်ရှင်ဖြစ်ပြီး အဓိကရေနံတင်ပို့သည့်နိုင်ငံတစ်ခုလည်းဖြစ်သည်။ မက္ကဆီကိုငွေကြေး ပီဆိုသည် ဒေါ်လာနှင့်ယှဉ်လျင် သိသိသာသာ တန်ဖိုးကျမှုခံစားနေရသည်။
    အသက် ၆၄ နှစ်ရှိပြီဖြစ်သည့် လိုပက်ဇ် အော်ဘရာဒေါသာ သမ္မတဖြစ်လာပါက မက္ကဆီကို ပီအာရ်အိုင်နှင့် ပီအေအင်န် ပါတီနှစ်ခုတည်းကသာ ဆယ်စုနှစ်ချီ လွှမ်းမိုးခဲ့မှုအဆုံးသတ်မည်ဖြစ်သည်။ ၄င်းနှင့်အနီးဆုံးပြိုင်ဘက်မှာ ပီအေအင်န်ပါတီမှ ရီကာဒို အနာယာဖြစ်ပြီး ဗဟိုလက်ယာမဟာမိတ်ခေါင်းဆောင်ဖြစ်သည်။
    ၈၈ သန်းသော မက္ကဆီကိုပြည်သူများအနက် မဲပေးခွင့်ရှိသူများသည် သမ္မတတစ်ဦးအပါအဝင် ဆီးနိတ်အမတ် ၁၂၈ ဦးနှင့် ကွန်ဂရက်အတွင်း လက်ထောက် ၅၀ဝ ကို မဲပေးရွေးချယ်ကြရမည်ဖြစ်သည်။ လူဦးရေ ၄၀ ရာခိုင်နှုန်းကျော် ဆင်းရဲမျဉ်းအောက်ရောက်နေသည့် မက္ကဆီကိုသည် စီးပွားရေးကျဆင်းမှု၊ အကျင့်ပျက်မှုနှင့် အကြမ်းဖက်မှုများပြားသည့်အပြင် သတင်းသမားများအတွက်လည်း အန္တရာယ်အကြီးမားဆုံးနိုင်ငံတစ်ခုဖြစ်သည်။ ဇွန် ၃၀ ရက်ကပင် တောင်ပိုင်းပြည်နယ်တစ်ခုတွင် သတင်းသမားတစ်ဦး ပစ်သတ်ခံခဲ့ရသည်။