သစ်ပင်စိုက်ရန် ကျင်းတူးစဉ် ဗုံးသီးဟောင်း ၂ လုံးတွေ့ရှိ
စစ်ကိုင်းမြို့နယ် ကျောင်းတော်ကြီးကျေးရွာရှိ ဇေယျမင်္ဂလာဘုန်းကြီး ကျောင်းဝင်းအတွင်း ဇွန် ၂၉ ရက် ည ၈ နာရီခွဲအချိန်ခန့်တွင် ဝင်းလွင်မြင့်သည် သစ်ပင်စိုက်ရန်ကျင်းတူးစဉ် အလျား ၁၄ လက်မ၊ လုံးပတ် ၉ လက်မခန့်ရှိ ဒလက်ပါ သံချေးတက်ဗုံးသီးဟောင်း ၂ လုံး တွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ဗုံးသီး၂ လုံးကို ည ၉ နာရီ မိနစ်၂၀ အချိန်ခန့်တွင် ဘီအီးတပ်ခွဲ(စစ်ကိုင်း) တပ်မတော်သားများထံသို့ အပ်နှံခဲ့ကြောင်း သိရသည်။

















