ခရီးသည်တင် မှန်လုံယာဉ်နှင့် ၂၂ ဘီးယာဉ်တို့ တိုက်မိပြီး လူအများအပြား ဒဏ်ရာရ

ခရီးသည်တင် မှန်လုံယာဉ်နှင့် ၂၂ ဘီးယာဉ်တို့ တိုက်မိပြီး လူအများအပြား ဒဏ်ရာရ

လားရှိုးမြို့နယ် နောင်လန်းကျေးရွာတွင် ခရီးသည်တင်မှန်လုံယာဉ်နှင့်  ၂၂ ဘီးယာဉ်တို့ တိုက်မိခဲ့ပြီး လူ ၁၀ ဦးကျော် ဒဏ်ရာရရှိခဲ့မှု ဇူလိုင် ၁ ရက်က ဖြစ်ပွားခဲ့ကြောင်း နောင်မွန်နယ်မြေရဲစခန်းမှ သိရသည်။ 

အဆိုပါနေ့ မွန်းလွဲ ၃ နာရီ မိနစ် ၅၀ အချိန်တွင် လားရှိုးမြို့နယ် နောင်     လန်းကျေးရွာအနီး လားရှိုး-မန္တလေး ပြည်ထောင်စုလမ်းကြီး မိုင်တိုင် (၁၅၈/၁-၂)ကြား၌ နိုင်းနိုင်း(၄၀)နှစ် မောင်းနှင်လာသော ရွှေမန္တလာခရီး   သည်တင် မှန်လုံယာဉ်သည် ရှေ့မှယာဉ်ကို ကျော်တက်စဉ် တစ်ဖက်    ယာဉ်ကြောသို့ ရောက်ရှိခဲ့ပြီး  ဇော်လင်းအောင်(၃၅)နှစ် မောင်းနှင်ပြီး နေထက်နိုင် (၁၇)နှစ် လိုက်ပါလာသည့် ၂၂ ဘီးယာဉ်ကို  ဝင်တိုက်မိခဲ့သည်။ 
ယာဉ်တိုက်မှုကြောင့်  နိုင်းနိုင်းနှင့် နေထက်နိုင်တို့ ၂ ဦးတွင် ဦးခေါင်းဝဲဘက်၊ ယာတံတောင်/ လက်ခုံ၊ ဝဲ/ယာ ဒူးပွန်းပဲ့ ပေါက်ပြဲဒဏ်ရာများ           
(စိုးရိမ်ရ )နှင့် ခရီးသည်တင်ယာဉ်ပေါ်ပါ သိန်းကိုကို(၃၂)နှစ်ပါ၁၁ ဦး တို့   တွင် ဖူးရောင်ပွန်းပဲ့ဒဏ်ရာများရရှိခဲ့သောကြောင့် အရေးယူပေးရန် တိုင်     ကြားခဲ့သည်။
နောင်မွန် နယ်မြေရဲစခန်းမှ ယာဉ်(ပ) ၁၀/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/ ၃၃၇/ ၂၇၉ အရ အမှုဖွင့် အရေးယူထားသည်။