ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် အများသုံး သောက်ရေကန်အနီးမွေးကင်းစကလေးအလောင်းစွန့်ပစ်ခဲ့မှု ဇူလိုင် ၁ ရက်က ဖြစ်ပွားခဲ့ကြောင်း ဒဂုံမြို့သစ်တောင်ပိုင်းမြို့မရဲစခန်းမှ သိရသည်။
အဆိုပါနေ့ ည ၈ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် ဒဂုံမြို့သစ်တောင်ပိုင်းြ မို့နယ် ၇၂ ရပ်ကွက် စိန်ပန်း လမ်း နှင့်အင်ကြင်းလမ်းထောင့်တွင် အကျယ်ပေ ၈၀ ခန့်သောက်ရေကန်အနီး အနက်ရောင်ကြွပ်ကြွပ် အိတ်ဖြင့်ထုတ်ပိုးထားသည့် မွေးကင်းစကလေးငယ် အလောင်းစွန့်ပစ် ထား ကြောင်းသတင်းအရ ဒုရဲမှူးမောင် မောင်ဦးနှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။
အဆိုပါနေရာတွင် ချက်ကြိုးတန်းလန်းဖြင့် မွေးကင်းစ မိန်းကလေးငယ် အလောင်းကိုတွေ့ရှိခဲ့ပြီး မည် သူလာရောက်စွန့်ပစ်သွားသည်ကို မသိရှိကြောင်း ရာအိမ်မှူး ဦးသောင်းချစ်၏ ပြောပြချက်အရ သိရသည်ဟု ဆိုသည်။သက်ဆိုင်ရာက အလောင်းကို သင်္ဃန်းကျွန်းစံပြဆေးရုံသို့ပို့အပ်ခဲ့ပြီး အလောင်းစွန့်ပစ်သူကို အရေးယူပေးရန်တိုင်ကြားခဲ့သည်။
ဒဂုံမြို့သစ်တောင်ပိုင်းမြို့မရဲစခန်းက (ပ)၁၂၆၃/၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၁၈ ဖြင့် အမှုဖွင့်စုံစမ်းလျက်ရှိသည်။
















