မြဝတီအတက်တွင် ယာဉ်တစ်စီး တိမ်းမှောက်

မြဝတီအတက်တွင် ယာဉ်တစ်စီး တိမ်းမှောက်

ဇူလိုင် ၂ ရက် မွန်းလွဲ ၁ နာရီ မိနစ်၂၀ အချိန်ခန့်တွင် မြဝတီမြို့သို့ထွက်ခွာလာသည့်ကိုယ်ပိုင်ယာဉ်သည် အာရှလမ်းကျိုက်တုံလမ်းဆုံ နှင့် ဒေါနအလင်း ကျောက်ခွဲစက်ကြားအရောက် ယာဉ်၏ နောက်ဘီး ဘယ်ဘက်ခြမ်း တာယာလန်ထွက်ပြီးလမ်းဘေးသို့ ထိုးကျတိမ်းမှောက်သွားခဲ့သည်။

ယာဉ်ပေါ်တွင် လိုက်ပါလာသည့် အမျိုးသား ၂ ဦးအနက် တစ်ဦးမှာ ထိုင်ခုံခါး  ပတ်ပတ်ထားသဖြင့် ထိခိုက်ဒဏ်ရာမရရှိခဲ့သော်လည်း ယာဉ်မောင်းမှာ ဘယ်ဘက်မျက်လုံးအောက်ပြတ်ရှဒဏ်ရာရရှိခဲ့ကြောင်း ကနဦး သိရသည်။