မိတ္တီလာမြို့နယ်တွင်အနှိပ်ခန်းဖွင့်လှစ်လုပ်ကိုင်နေသူ ၈ ဦးကို ရဲတပ်ဖွဲ့က ဇူလိုင် ၁ ရက်ကဖမ်းဆီး ခဲ့သည်
အဆိုပါနေ့ နံနက် ၁ နာရီ အချိန်ခန့်က မိတ္ထီလာမြို့နယ် ပြည်သာယာရပ်ကွက် ၁ လမ်း နှင့် ၂ လမ်း ကြား နေ သက်နေထွန်း(ခ) မိသက်၏ နေအိမ်တွင် အနှိပ်ခန်းလုပ်ကိုင်နေကြောင်း သတင်းအရ မိတ္ထီလာ အမှတ် ၃ ရဲစခန်းက ဝင်ရောက်စစ်ဆေးခဲ့သည်။
၄င်းနေအိမ်အတွင်း အခန်း(၇)ခန်းတွေ့ရပြီး ခေါင်းအုံး ၇ လုံး မွေ့ယာ ၇ ခု နှင့် နာမည်များရေးထားသော ဗလာစာအုပ်တအုပ်များနှင့်အတူ မနှင်းနှင်း မသဇင်အောင် မဝါဝါ မစုလှိုင် (ခ)အင်ကြင်း မခင်မိုးနိုင်၊ မချစ်စု၊ မဝေဝေသွယ်တို့ကို အခန်း ၇ ခန်းအတွင်း ဧည့်သည်စောင့်ဆိုင်းနေစဉ်တွေ့ရှိရသည်ဆိုကာ သက်ဆိုင်ရာက ဖမ်းဆီးခဲ့သည်။
မိတ္ထီလာ အမှတ် ၃ နယ်မြေရဲစခန်းမက (ပ)၃/၁၈ ရာဇသတ်ကြီးပုဒ်မ ၁၈၈ အရ အမှုဖွင့် အရေးယူထားသည်။

















