ဂူအတွင်း ပျောက်ဆုံးနေသည့် ထိုင်းကျောင်းသားငယ် ၁၂ ဦးနှင့် ဘောလုံးနည်းပြလူငယ်တို့အား အသက်ရှင်လျက်ပြန်လည်တွေ့ရှိ

ဂူအတွင်း ပျောက်ဆုံးနေသည့် ထိုင်းကျောင်းသားငယ် ၁၂ ဦးနှင့် ဘောလုံးနည်းပြလူငယ်တို့အား အသက်ရှင်လျက်ပြန်လည်တွေ့ရှိ

ထိုင်းနိုင်ငံမြောက်ပိုင်းရှိ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ ထမ့်လွမ်ဂူအတွင်း ဝင်ရောက်ခဲ့ကြကာ ပျောက်ဆုံးနေသည့် ကျောင်းသားငယ် ၁၂ ဦးနှင့် ၎င်းတို့၏ဘောလုံးနည်းပြလူငယ်တို့အား အသက်ရှင်လျက် ပြန်လည်တွေ့ရှိထားကြောင်း ထိုင်းအာဏာပိုင်တို့က ထုတ်ပြန်ပြောဆိုခဲ့သည်။

ချင်းရိုင်ပြည်နယ် အုပ်ချုပ်ရေးမှူး နာရောင်ဆက် အိုအက်နာခွန်က ၎င်းပျောက်ဆုံးသူ ၁၃ ဦးကို ထိုင်းရေတပ်အထူးတပ်ဖွဲ့က ဘေးကင်းစွာတွေ့ရှိထားကြောင်း၊ သို့သော် ကယ်ဆယ်ရေးလုပ်ငန်း မပြီးဆုံးသေးကြောင်း ပြောဆိုခဲ့သည်။ အသက် ၁၁ နှစ်မှ ၁၆ နှစ်ရှိ ကျောင်းသားလူငယ်များနှင့် အသက် ၂၅ နှစ်အရွယ် ဘောလုံးနည်းပြတို့သည် ထိုင်းနိုင်ငံ ချင်းရိုင်ပြည်နယ်ရှိ မယ်ဆိုင်မြို့ရှိ ထမ့်လွမ်ဂူတွင်းသို့ ဇွန် ၂၃ ရက်ကတည်းက ဝင်ရောက်ခဲ့ရာမှ ဂူတွင်းရေလွှမ်းမိုးချိန်၌ ပျောက်ဆုံးနေခဲ့ခြင်းဖြစ်သည်။