ဘုန်းကြီးတစ်ပါး ရေတွင်းပျက်အတွင်း ပြုတ်ကျသေဆုံး

ဘုန်းကြီးတစ်ပါး ရေတွင်းပျက်အတွင်း ပြုတ်ကျသေဆုံး

လှည်းကူးမြို့နယ်တွင် ဘုန်းကြီးတစ်ပါး ရေတွင်းပျက်အတွင်းပြုတ်ကျရေနစ်သေဆုံးခဲ့သည်ဆိုမှု ဇူလိုင် ၁ ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

အဆိုပါနေ့ ည ၉ နာရီ အချိန်တွင် လှည်းကူးမြို့နယ်၊ ကျွန်းကလေးကျေးရွာ တွင် ဘုန်းကြီးတစ်ပါး ရေနစ်သေဆုံးနေကြောင်း သတင်းအရ သက်သေများနှင့်အတူ သက်ဆိုင်ရာက သွားရောက်စစ်ဆေးခဲ့သည်။ သေဆုံးသူမှာ အဆိုပါကျေးရွာနေ ကံမမိုးကုတ်ဘုန်းကြီးကျောင်းနေ ဦးဇင်းဥူးကုမာရ (ခ)ဦးဖိုးကျန် (၅၅)နှစ်ဖြစ်ပြီး ကျောင်းဝင်းအတွင်းရှိ မြက်များကို ရှင်းလင်းရာမှ ရေတွင်းပျက်အတွင်းသို့ ပြုတ်ကျပြီး ရေနစ်သေဆုံးခဲ့ခြင်းဖြစ်သည်။ 
သေဆုံးသူမှာ သွေးတိုးရောဂါရှိသူဖြစ်ပြီး နေ့စဉ်ကျောင်းဝင်းအတွင်း သန့်ရှင်းရေးပြုလုပ်နေသူဖြစ်ကာ ထိုသို့ပြုလုပ်စဉ်ရေတွင်းပျက်အတွင်းသို့ ပြုတ်ကျသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 
လှည်းကူးမြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် (၉/၂၀၁၈)ဖြင့် စစ်ဆေးလျက်ရှိသည်။