ထောက်ကြန့်မြို့နယ်တွင် ဆီဆိုင်အနီးရပ်ထားသည့် ပရိုဘောက်စ်အဖြူရောင်ယာဉ်ပေါ်တွင် ဖဲလောင်းကစားပြုလုပ်နေသူများကို သက်ဆိုင်ရာက ဇူလိုင် ၂ ရက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ထောက်ကြန့်နယ်မြေရဲစခန်းမှ သိရသည်။
အဆိုပါနေ့ မွန်းလွဲ ၁၂ နာရီ မိနစ် ၂၀ အချိန်ခန့်တွင် မင်္ဂလာဒုံမြို့နယ် ထောက်ကြန့် ရွှေနံသာ ကျေးရွာအုပ်စု ပုလဲ ၃ ရပ်ကွက် အမှတ် ၃ လမ်းဘေးဆီဆိုင်နီးရပ်ထားသည့် ပရိုဘောက်စ်အဖြူရောင်ယာဉ်ပေါ်တွင် လောင်းကစားပြုလုပ်နေကြောင်းသတင်းအရ ဒုရဲအုပ်ခင်မောင်ထွန်းနှင့်အဖွဲ့က စစ်ဆေးခဲ့သည်။
အဆိုပါယာဉ်၏ နောက်ခန်းတွင် မင်္ဂလာဒုံမြို့နယ်နေ မြင့်ကျော်(၃၃ နှစ်)၊ ကျော်မင်းလွင်(၃၀ နှစ်)၊အောင်မင်းဦး(၃၀ နှစ်)၊အောင်အောင်(၃၃ နှစ်)၊အောင်သူ (၃၂နှစ်)နှင့် သန်းဇော် (၃၄ နှစ်)တို့ ၆ ဦးကို ဖဲ ၁၀၈ ချပ်၊ လောင်းကြေးငွေ ၁၃၁၀ဝ၀ နှင့်လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သောကြောင့် အမှုဖွင့် အရေးယူထားသည်။ ထောက်ကြန့်နယ်မြေရဲစခန်းက (ပ)၆၉၉/၁၈ လောင်းကစားဥပဒေပုဒ်မ ၁၃(က)/၁၄(က) အရ အမှုဖွင့် အရေးယူထားသည်။
















