စပါးပျိုးကြဲနေသူအမျိုးသား မိုးကြိုးပစ်ခံရ
ငပုတောမြို့နယ်တွင် စပါးပျိုးကြဲနေသူ အမျိုးသားတစ်ဦး လယ်ကွက်အတွင်း မိုးကြိုးပစ်ခံရမှုကြောင့် ရုတ်တရက်သေဆုံးခဲ့ကြောင်း ငပုတောမြို့မရဲစခန်းမှ သိရသည်။
ဇူလိုင် ၁ ရက် မွန်းလွဲ ၃ နာရီ မိနစ် ၅၀ အချိန်ခန့်တွင် ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်၊ ဖိုးရွှေလှော် ကျေးရွာအနီးလယ်ကွက်တွင် အဆိုပါရွာနေ ဦးအုန်းသန်း(၄၀)နှစ်မှ စပါးပျိုးကြဲနေစဉ် မိုးကြိုးပစ်ခံရမှုကြောင့် ယာရင်အုံဘေးညိုမဲဒဏ်ရာ ရရှိကာ ရုတ်တရက် သေဆုံးခဲ့သည်။
အလောင်းကို ည ၈ နာရီ အချိန်ခန့်တွင် ငပုတောပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ငပုတောမြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ်(၁၈/၁၈) ဖြင့် စစ်ဆေးလျက်ရှိသည်။
















