တာချီလိတ်မြို့နယ်တွင် ယာဉ်မောင်းနှင်သူအမျိုးသားကို သေနတ်ဖြင့်ပစ်သတ်မှု ဇူလိုင် ၂ ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါနေ့ ည ၇ နာရီ အချိန် တာချီလိတ်မြို့ ပါဆတ်ရပ်ကွက်နေ ရန်ကျားချိန် (၃၄)နှစ်မောင်းနှင်ပြီး အစ်ကိုဖြစ်သူ အားနိမ့်(၄၃)နှစ်လိုက်ပါလာသည့် ဆပ်စ်ယာဉ်သည် ဝမ်ကျောက်လုံးရပ်ကွက်ရှိဝက်ခြံမှ ဝိန်းကျောက်ရပ်ကွက်ရှိ ၎င်းတို့ နေအိမ်သို့ အာခါဈေးလမ်းအတိုင်းပြန်လာစဉ် လက်ကီးဟိုတယ်ရှေ့၌ အမျိုးသား ၁ ဦး(စိစစ်ဆဲ)က သေနတ်ရှည်(စိစစ်ဆဲ)ဖြင့် ၃ ချက်ခန့် ပစ်ခတ်ထွက်ပြေးသွားခဲ့သည်။
ထိုသို့ပစ်ခတ်မှုကြောင့် ရန်ကျားချိန် တွင် ဝဲ/ယာကျော ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး အလောင်းကို တာချီလိတ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ရသောကြောင့် အရေးယူပေးရန် တိုင်ကြားခဲ့သည်။
တာချီလိတ်မြို့မရဲစခန်း (ပ)၂၁၄/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့် စုံစမ်းစစ်ဆေးလျက်ရှိသည်။

















