ငါးဖမ်းလောင်းကစားဂိမ်းဒိုင် ဖွင့်လှစ်လုပ်ကိုင်သူကို ဖမ်းဆီး

ငါးဖမ်းလောင်းကစားဂိမ်းဒိုင် ဖွင့်လှစ်လုပ်ကိုင်သူကို ဖမ်းဆီး

မြဝတီမြို့နယ်တွင် ငါးဖမ်းလောင်းကစားဂိမ်းဒိုင်ဖွင့်လှစ် လုပ်ကိုင်နေသူကို သက်ဆိုင်ရာက ဇူလိုင် ၂ ရက်တွင် ဂိမ်းစက် ၅၁ လုံးနှင့်အတူ ဖမ်းဆီးခဲ့ကြောင်း သိရသည်။ 

ဇူလိုင် ၁ ရက် ည ၇ နာရီခွဲအချိန်ခန့်တွင် မြဝတီမြို့ခရိုင်ရဲတပ်ဖွဲ့ဝင်များသည် ငါးဖမ်းလောင်း ကစားဂိမ်းပြုလုပ်နေကြောင်းသတင်းအရ ချိုတူး(၅၁) နှစ်၏ နေအိမ်ကို ဝင်ရောက် ရှာဖွေခဲ့သည်။ 
ထိုသို့ရှာဖွေစဉ် ချိုတူးမှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီး ၎င်း၏ ဇနီး ဝါဝါရှိန်(၄၀)နှစ် ကိုငါးဖမ်း လောင်းကစား ဂိမ်းစက် ၆ လုံး၊ အကြွေစေ့ထည့် ပန်းသီးဂိမ်းစက်အကြီး ၄၅ လုံး၊ မီးစက် ၁ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ 
မြဝတီမြို့မရဲစခန်းက(ပ)၅၈၀/၁၈၊ လောင်းကစားဥပဒေ ပုဒ်မ ၁၄(က) အရ အမှုဖွင့်ကာ ချိုတူး(စိစစ်ဆဲ)ကို စုံစမ်းလျက်ရှိသည်။