KNU ငြိမ်းချမ်းရေးက ဖမ်းဆီးရမိသော တရားခံနှင့် စိတ်ကြွဆေးပြားများကို သက်ဆိုင်ရာသို့ အပ်နှံ

KNU ငြိမ်းချမ်းရေးက ဖမ်းဆီးရမိသော တရားခံနှင့် စိတ်ကြွဆေးပြားများကို သက်ဆိုင်ရာသို့ အပ်နှံ

တနင်္သာရီမြို့နယ်တွင် စိတ်ကြွမူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိသူကို ကေအင်ယူအဖွဲ့ (KNU) (မြိတ်-ထားဝယ်) တာဝန်ခံအဖွဲ့က ဖမ်းဆီးပေးခဲ့ပြီး သက်ဆိုင်ရာသို့ လာရောက်အပ်နှံခဲ့ ကြောင်း ဇူလိုင် ၄ ရက်နေ့က တနင်္သာရီမြို့မရဲစခန်းမှ သိရသည်။ 

ဖြစ်စဉ်မှာ ကေအင်ယူ တနင်္သာရီမြို့နယ်အုပ်ချုပ်ရေး အဖွဲ့ဝင် ဗဒိုဆေးဟဲနှင့် အဖွဲ့ဝင်များသည် ဇွန် ၂၂ ရက်က သိန်ခွန်းအုပ်စု သဲဖြူရွာမှတနင်္သာရီသို့သွား ရောက်စဉ် မူးယစ်ဆေးဝါးသတင်းအရ သကျက်ကျေးရွာအုပ်စုကျွဲထိန်းကုန်းကျေးရွာနေ သီဟစိုး(၂၇ နှစ်)ထံမှ WY စာတန်းပါပန်းရောင်စိတ်ကြွဆေး (၁၄၂၃) ပြားအလေးချိန် (၁၄၂.၃ဂရမ်) ဒေသတန်ဖိုး(၇၁၁၅၀ဝ၀)ကျပ် သမင်နှစ်ကောင် တံဆိပ်ပါ ချောကလက်ရောင် ယောကျာ်းကိုင် လက်ကိုင်အိတ်တစ်လုံး သီဟစိုးအမည်ပါနိုင်ငံသားကတ်ပြား(၁)ခုဂက်(စ်)မီးခြစ်အပြာတစ်လုံး ငွေစက္ကူ ရောရာ(၃၇၂၀ဝ)ကျပ်နှင့် အတူဖမ်းဆီးရမိခဲ့သဖြင့် အဆင့်ဆင့်တင်ပြကာ သက်ဆိုင်ရာသို့ ဇူလိုင် ၃ ရက်နေ့ မွန်းလွဲ ၁ နာရီ အချိန်ခန့်တွင် လာရောက်အပ်နှံခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားအပ်နှံခဲ့သည်။ တနင်္သာရီမြို့မရဲစခန်းက မယ(ပ)၁၆/၂၀၁၈ မူး/စိတ် ပုဒ်မ ၁၉(က)/၂၀(က)အရ အမှုဖွင့်အရေးယူခဲ့သည်။