လူငယ်တစ်ဦးကို သံတုတ်/ဓားတို့ဖြင့် ထိုးခုတ်ခဲ့သူ ၆ ဦးကို စုံစမ်းနေ

လူငယ်တစ်ဦးကို သံတုတ်/ဓားတို့ဖြင့် ထိုးခုတ်ခဲ့သူ ၆ ဦးကို စုံစမ်းနေ

ပျဉ်းမနားမြို့တွင် လက်ဖက်ရည်ဆိုင်ထိုင်နေသူ အမျိုးသားတစ်ဦးကို လူ ၆ ဦးက သံတုတ်/ဓားတို့ဖြင့် အကြောင်းမဲ့ ရိုက်နှက်ထိုးခုတ်သဖြင့် ထိခိုက်ဒဏ်ရာများရရှိခဲ့မှု ဇူလိုင် ၃ ရက်က ဖြစ်ပွားခဲ့သည်။ 

ဇူလိုင်လ ၃ ရက်နေ့ နံနက် ၁ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် ပျဉ်းမနားမြို့ ဂွကြားရပ်ကွက်နေသူ အသက် (၁၉)နှစ်အရွယ် အမျိုးသားသည် ရန်အောင်(၂)ရပ်ကွက် ပျဉ်းမနားဘူတာရှေ့ရှိ လက်ဖက်ရည်ဆိုင်၌ ထိုင်နေစဉ် အမျိုးသား ၆ ဦး(စိစစ်ဆဲ)တို့က ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး ၎င်းကို သံတုတ်/ဓားများဖြင့် အကြောင်းမဲ့ ဝိုင်းဝန်းရိုက်နှက်/ခုတ်ခဲ့ကြသည်။ 
ထိုသို့ ထိုးခုတ်စဉ် တိုင်ကြားသူလူငယ်အမျိုးသားတွင် ဝဲဘက်နောက်စေ့ပေါက်ပြဲ၊ ယာဘက်ရင်အုံ အပေါ် ထိုးသွင်းဒဏ်ရာ(၁)ချက်နှင့် ယာလက်သူကြွယ်ကျိုးကြေဒဏ်ရာများ (စိုးရိမ်ရ)ရရှိခဲ့သဖြင့် နေပြည်တော် ခုတင်(၁၀ဝ၀)ဆေးရုံသို့ တက်ရောက်ကုသရသောကြောင့် အရေးယူပေးရန် တိုင်ကြားခဲ့သည်။ ပျဉ်းမနားမြို့မရဲစခန်းက (ပ)၄၅၃/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆/ ၃၂၅ အရ အမှုဖွင့် စစ်ဆေးလျက်ရှိသည်။