မြဝတီမြို့မှ လောင်းကစားရုံများကို ဖမ်းဆီး

မြဝတီမြို့မှ လောင်းကစားရုံများကို ဖမ်းဆီး

ကရင်ပြည်နယ် မြဝတီမြို့တွင် ဖွင့်လှစ်ထားသည့် လောင်းကစားရုံ ၄ ရုံနှင့် ဂိမ်းစက် ၁၉ လုံးတို့ကို သက်ဆိုင်ရာက ဖမ်းဆီးရမိခဲ့ကြောင်း မြဝတီမြို့မရဲစခန်းမှ ဇူလိုင် ၄ ရက်က သိရသည်။ 

ဇူလိုင်၂ ရက်နေ့ မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီ မိနစ် ၂၀ အချိန်အတွင်း မြဝတီမြို့နယ်တွင် ဖွင့်လှစ်လုပ်ကိုင်လျက်ရှိသည့် ဂိမ်းလောင်းကစားရုံများကို မြဝတီခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးအောင်နိုင် ထွန်း ဦးစီးသည့် တပ်ဖွဲ့ဝင်များက ဖမ်းဆီးအရေးယူခဲ့ကြောင်း သိရသည်။ ထိုသို့ဖမ်းဆီးခဲ့ရာတွင် မြဝတီမြို့အမှတ် ၄ ရပ်ကွက်အောင်မြေရွေဘိုရပ် ရှိ ဦးကြားကြီးပိုင် ဂိမ်းလောင်းကစားရုံကို ဝင်ရောက်ဖမ်းဆီးခဲ့သည်။ ၄င်းဆိုင်အတွင်းမှ ငါးဂိမ်းစက်ကြီးလေးလုံး၊ ထိုင်ခုံအလုံး ၃၀ နှင့် မီးစက်တစ်လုံးကိုလည်းကောင်း၊အေးသာယာ၃လမ်းရှိ ဂိမ်းလောင်းကစားရုံပိုင်ရှင် ဦးဌေးအောင်ထံမှ ငါးဂိမ်းစက်ကြီး ၆ လုံးနှင့် ဆိုဖာခုံ ၅ လုံးကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သည်။ 
ထို့အပြင် မြဝတီမြို့အမှတ် ၄ ရပ်ကွက် ကျောက်လုံးကြီးလမ်းသွယ်၄လမ်းရှိ ဂိမ်းလောင်း ကစားရုံပိုင် ရှင် ဦးခင်သောင်းထံမှ ငါးဂိမ်းစက်ကြီး ၄ လုံးနှင့် ပလတ်စတစ်ထိုင်ခုံ ၁၀လုံးကို လည်းကောင်း ၊ သစ္စာလမ်းရှိ ဂိမ်းလောင်းကစားရုံပိုင်ရှင် ဦးနေလင်းဆိုင်မှ ငါဂိမ်းစက်ကြီး၅လုံးနှင့် ဖဲချပ်ဖြင့် ကစားသည့်လောင်းကစားခုံတစ်လုံး၊ ဆိုဖာခုံ၅လုံးနှင့် မီးစက်တစ်လုံး တို့ကို ဖမ်းမိသိမ်းဆည်းခဲ့သည်။ 
ထိုသို့ဝင်ရောက်ဖမ်းဆီးစဉ် လောင်းကစားရုံပိုင်ရှင် ဦးကြာကြီး(စုံစမ်းဆဲ)၊ ဦးနေလင်(စုံစမ်းဆဲ)၊တို့ မှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီး ဦးဌေးအောင် နှင့် ဦးခင်သောင်းတို့ ၂ ဦးကို ဖမ်းဆီးရမိခဲ့သောကြောင့် မြဝတီမြို့မရဲစခန်းက ၄င်းတို့ကို လောင်းကစားဥပဒေပုဒ်မ၁၄(က)အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။