သြစတြေးလျရှိ အူလူရူတောင်ကိုတက်ရင်း ဂျပန်ခရီးသည်တစ်ဦးသေဆုံး

သြစတြေးလျရှိ အူလူရူတောင်ကိုတက်ရင်း ဂျပန်ခရီးသည်တစ်ဦးသေဆုံး

သြစတြေးလျနိုင်ငံ အလယ်ပိုင်းရှိ အူလူရူ တောင်ကိုတက်ရင်း လမ်းတစ်ဝက်၌ ဂျပန် ခရီးသည်တစ်ဦးသေဆုံးသွားခဲ့သည်။

အသက် ၇၆ နှစ်အရွယ်အမျိုးသားသည် ဇူလိုင် ၃ ရက်က အူလူရူတောင်ပေါ်သို့တက် စဉ် လမ်းတစ်ဝက်၌ ရုတ်တရက်လဲကျသေဆုံး သွားခြင်းဖြစ်သည်။ သမားရိုးကျသေဆုံးမှုသာ ဖြစ်ပြီး သံသယဖြစ်စရာ အနေအထားမျိုး မတွေ့ရကြောင်း သြစတြေးလျရဲတပ်ဖွဲ့က ပြောသည်။ ၁၉၅၀ ပြည့်နှစ်များနောက်ပိုင်း အူလူရူတောင်ကိုတက်ရင်း လူ ၃၇ ဦးသေ ဆုံးခဲ့ပြီးဖြစ်သည်။ ၂၀၁၉ ခုနှစ် အောက်တိုဘာ နောက်ပိုင်း အူလူရူတောင်ပေါ်သို့ လူတက်ခွင့် ပိတ်ပင်သွားတော့မည်ဖြစ်သည်။

ကျောက်တစ်လုံးတည်းဖြင့် တည်နေသော အူလူရူတောင်ကို သြစတြေးလျ မူလတိုင်းရင်း သားများက အထွတ်အမြတ်နေရာတစ်ခုအဖြစ် သဘောထားသည်ဖြစ်သောကြောင့် ကမ္ဘာလှည့် ခရီးသည်များ အပျော်တမ်းတက်ရောက်နေခြင်း များကို ပိတ်ပင်ပေးရန် အူလူရူ-ကာတာဂျူတာ အမျိုးသားသဘာဝဥယျာဉ်အုပ်ချုပ်ရေးအဖွဲ့သို့တင်ပြခဲ့ကြရာ အဖွဲ့က မဲခွဲပြီးနောက် ပိတ် ပင်ရန်အတည်ပြုခဲ့ခြင်းဖြစ်သည်။

အူလူရူတောင်ကို လူပေါင်းနှစ်သိန်းခွဲကျော် သွားရောက်လည်ပတ်ခဲ့ကြပြီးဖြစ်ကာ ယခင်က အေရာကျောက်တုံးကြီးဟုလည်း ခေါ်တွင်ခဲ့ ကြသည်။ ၂၀၁၀ ပြည့်နှစ်ကလည်း နောက်ဆုံး အဖြစ် လူတစ်ယောက်တောင်တက်ရင်း အလား တူသေဆုံးခဲ့ဖူးသည်။ ၂၀၁၁ မှ ၂၀၁၅ ခုနှစ် အကြား အူလူရူတောင်သို့ သွားရောက်လည် ပတ်သူများအနက် ၁၆ ရာခိုင်နှုန်းသည်သာ တောင်ထိပ်သို့ရောက်အောင် တက်နိုင်ခဲ့ကြ ကြောင်းလည်း သိရသည်။