ပိုလန်အစိုးရက တရားရေးကဏ္ဍကို ဝင်ရောက်စွက်ဖက်ခြင်းအား မကျေနပ်သည့်အတွက် ဇူလိုင် ၃ ရက်အနှောင်းပိုင်းတွင် မြို့တော်ဝါဆောနှင့် အခြားမြို့များ၌ နိုင်ငံသားများ ချီတက်ဆန္ဒပြခဲ့ကြသည်။
ပိုလန်တရားလွှတ်တော်ချုပ်ရှိ တရားသူ ကြီးများပင်စင်ယူရမည့် အသက်အရွယ်ကို လျှော့ချသတ်မှတ်လိုက်မှု သက်ရောက်မှုရှိချိန် တွင် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အာဏာရလက်ယာဝါဒီပါတီက အတည်ပြု လိုက်သည့်ဥပဒေအရ တရားသူကြီးချုပ်နှင့် တရားလွှတ်တော်ချုပ်ရှိ လက်ရှိတာဝန်ထမ်း ဆောင်ဆဲ တရားသူကြီးသုံးပုံတစ်ပုံတို့သည် တာဝန်မှအနားယူရမည်ဖြစ်သည်။
ပိုမိုဆိုးယုတ်
လူထောင်ပေါင်းများစွာသည် ဝါဆောရှိ တရားလွှတ်တော်ချုပ်အဆောက်အအုံရှေ့တွင် စုဝေးပြီး ဖလောင်းတိုင်များကိုထွန်းညှိကာနိုင်ငံတော်သီချင်းကိုသီဆိုခဲ့ပြီး တရားရုံးများကို ချုပ်ကိုင်ခြင်းရပ်နှင့် အာဏာရှင်စနစ်ကျဆုံးပါ စေဟု ြွေကးကြော်ခဲ့သည်။ ခရာကိုး၊ လော့ဇ်၊ ကာတိုဝစ်၊ ဝရိုကလောနှင့် အခြားမြို့များတွင် လည်း ချီတက်ဆန္ဒပြမှုများဖြစ်ပွားခဲ့သည်။ ၁၉၈၀ ပြည့်နှစ်များတွင် ကွန်မြူနစ်ဆန့်ကျင် ရေးလှုပ်ရှားမှုအကြီးအကျယ်ရှိခဲ့သည့် ဂဒန့်စ်ခ် ၌ နာမည်ကျော် ဒီမိုကရေစီခေါင်းဆောင် လိချ်ဝါလဲဆာက လက်ရှိအစိုးရကိုရှုတ်ချပြီး လက်ရှိအစိုးရသည် ကွန်မြူနစ်များထက်ပိုမို ဆိုးယုတ်ကြောင်း ဝေဖန်ပြောဆိုခဲ့သည်။
အငြိမ်းစားယူရမည့် အသက်အရွယ်ကို ၇၀ မှ ၆၅ နှစ်သို့ လျှော့ချလိုက်သောကြောင့် တရားလွှတ်တော်ချုပ်အကြီးအကဲ မယ်ဂိုဇာ တာဂါစ်ဒေါ့သည် ရာထူးမှနုတ်ထွက်ခဲ့ရတော့ မည်ဖြစ်သည်။ သို့သော် အသက် ၆၅ နှစ် အရွယ်ဂါစ်ဒေါ့က ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ ဆက်လက်တာဝန်ထမ်းဆောင်ဦးမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ဥပဒေနှင့်တရားမျှတမှုပါတီ အာဏာရရှိ ခဲ့သည့် ၂၀၁၅ ခုနှစ်မှစ၍ ပိုလန်၌ တရားရေး ကဏ္ဍကို ဝင်ရောက်စွက်ဖက်မှုများရှိလာခဲ့ သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကိုလည်း ပါတီ၏ထိန်းချုပ်မှုအောက်သို့ သွတ်သွင်းခဲ့ပြီး ဖြစ်သည်။

















