မတ္တရာမြို့နယ်တွင်မယားပါကလေးများကို ရိုက်နှက်ခြင်း၊ သီလရှင်ဝတ်စုံဝတ်ခိုင်း၍ တစ်နေ့ငွေကျပ်(၆၀ဝ၀)ရအောင် အလှူခံစေခိုင်းခြင်းပြုလုပ်ခဲ့သူကို သက်ဆိုင်ရာက ဇူလိုင် ၃ ရက်နေ့တွင် အမှု ဖွင့်အရေးယူထားကြောင်းသိရသည်။
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့၊ အမှတ်(၅) အောင်ချမ်းသာရပ်ကွက်နေ ကျော်ကျော်စိုး(ခ)ကုလား(၂၇) နှစ်သည် ဇွန်လ ၁၉ ရက်နေ့ ညနေ ၃ နာရီအချိန်၏ ၎င်း၏မယားပါသား မောင်မြင့်မြတ်ခေါင် (၂) နှစ် (၈)လအား ဆဲဆိုပြီး အရှည် ၁ တောင်ခန့်ရှိ သစ်သားပြားနှင့် ရိုက်နှက် ခဲ့သည်။
ထိုသို့ရိုက်နှက်စဉ် မောင်မြင့်မြတ်ခေါင်တွင် ယာမျက်ခုံး ပေါက်ပြဲ၊ ဝဲ/ယာတင်ပါး၊ ရင်အုံ၊ လက်ဖျံ တို့တွင် ဖူးရောင်ဒဏ်ရာများ ရရှိခဲ့သဖြင့် မတ္တရာပြည်သူ့ဆေးရုံသို့ တင်ပို့ခဲ့သည်။
ထို့အပြင်ယခင်ကလည်း မယားပါ ကလေးများဖြစ်သော မပြာသိုချမ်းမြေ့(၉) နှစ်နှင့် မဖူးဖူး(၅) နှစ်တို့ ၂ ဦးကို သီလရှင် ဝတ်စုံဝတ်ခိုင်း၍ တစ်နေ့လျှင်(၆၀ဝ၀)ကျပ်နှုန်း ရအောင်စေခိုင်းခဲ့ကြောင်း သိရှိရသဖြင့် အရေးယူပေးရန် ဇူလိုင်လ ၃ ရက်နေ့တွင် ရပ်ကွက်ကျေးရွာအမှုဆောင် ဒေါ်နီလာ ကတိ ငေ်ကြားခဲ့သည်။မတ္တရာမြို့မရဲစခန်း(ပ)၃၇၀/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၂၉၄/၃၂၅/ ၃၇၄/၂၉၅-က အရ အမှုဖွင့်အရေးယူထားသည်။
















