၂၀၁၂ ခုနှစ်က အတိုက်အခံနိုင်ငံရေးသမားတစ်ဦးကို ပြန်ပေးဆွဲဖမ်းဆီးမှုနှင့်ဆက်စပ်ပြီး သံသယမှုဖြင့် အီကွေဒေါသမ္မတဟောင်း ရာဖဲကိုရီရာကို တရားရုံးက ဖမ်းမိန့်ထုတ်လိုက်ကြောင်း သိရသည်။
ဇနီး၏ဇာတိနိုင်ငံ ဘယ်လ်ဂျီယံ၌ရောက် ရှိနေသော မစ္စတာကိုရီရာက စွပ်စွဲချက်များကို ငြင်းဆိုထားသည်။ အသက် ၅၅ နှစ်အရွယ် မစ္စတာကိုရီရာကို လွှဲပြောင်းရယူနိုင်ရေးအတွက် အင်တာပိုလ်ကို အကြောင်းကြားထားပြီဖြစ် ကြောင်း အီကွေဒေါတရားသူကြီး ဒယ်နီရယ် လာကာမာချိုက ပြောသည်။ မစ္စတာကိုရီရာ သမ္မတအဖြစ်တာဝန်ယူစဉ်က အတိုက်အခံ နိုင်ငံရေးသမား ဖာနန်ဒိုဘယ်လ်ဒါသည် ကိုလံ ဘီယာနိုင်ငံ ဘိုဂိုတာမြို့တွင် ပြန်ပေးဆွဲဖမ်းဆီး ခံခဲ့ရသည်။
ဖမ်းမိန့်ထုတ်
အီကွေဒေါကို ၂၀ဝ၇ ခုနှစ်မှ ၂၀၁၇ ခုနှစ်အကြား ခေါင်းဆောင်ခဲ့သည့် မစ္စတာ ကိုရီရာသည် ပြန်ပေးဆွဲမှုကို ကြိုးကိုင်ခြင်းဖြစ် သည်ဟု မစ္စတာဘယ်လ်ဒါက စွပ်စွဲခဲ့သည်။ ထိုစဉ်က ဘယ်လ်ဒါသည် ၂၀၁၀ ပြည့်နှစ်တွင် မစ္စတာကိုရီရာကို ဖြုတ်ချအာဏာသိမ်းရန် မအောင်မြင်ခဲ့သောကြိုးပမ်းမှုဖြင့် ထောင်ဒဏ် တစ်နှစ်ချမှတ်ခံခဲ့ရသည်။
ပြန်ပေးဆွဲမှုစွဲချက်ရင်ဆိုင်ရန် သမ္မတ ဟောင်း ကိုရီရာသည် အီကွေဒေါမြို့တော် ကွီတိုရှိတရားရုံးသို့ လာရောက်ခြင်းမရှိသဖြင့် တရားသူကြီးက ဖမ်းမိန့်ထုတ်လိုက်ခြင်းဖြစ် သည်။ မစ္စတာကိုရီရာသည် ဘရပ်ဆဲလ်မြို့ရှိ အီကွေဒေါသံရုံးသို့ သွားရောက်ခဲ့သော်လည်း ထိုသို့ပြုမူခြင်းသည် ဥပဒေနှင့်မညီညွတ်ဟု တရားသူကြီးက ဆုံးဖြတ်ခဲ့သည်။
ခုခံပြောကြား
သမ္မတသက်တမ်းသုံးဆက်တိုင်တိုင်ထမ်း ဆောင်ခဲ့သော မစ္စတာကိုရီရာက ပြန်ပေးဆွဲမှု နှင့်ပတ်သက်ခြင်းလုံးဝမရှိဟု ခုခံပြောကြား ထားသည်။ လက်ရှိသမ္မတ လီနင်မော်ရန်နို သည် မစ္စတာကိုရီရာလက်ထက်တွင် ဒုသမ္မတ အဖြစ်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပြီး ပြန်ပေးဆွဲ မှုဖြင့် စွဲချက်တင်ခြင်းသည် လက်ရှိသမ္မတ၏ နိုင်ငံရေးလုပ်ကြံမှုသာဖြစ်သည်ဟု မစ္စတာ ကိုရီယာက တန်ပြန်စွပ်စွဲထားသည်။ ၂၀၁၇ ခုနှစ် မေလတွင် မစ္စတာမော်ရန်နို ရွေးကောက် ပွဲအနိုင်ရပြီးနောက်ပိုင်း မဟာမိတ်နှစ်ဦးသည် အကြီးအကျယ် သဘောထားကွဲလွဲခဲ့ကြသည်။

















