မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှုခင်းဖော်ထုတ်ရေးတပ်ဖွဲ့ဝင်များသည် ခါးပိုက် နှိုက်ပြစ်ချက်ဟောင်းရှိသူ လှိုင်သာယာမြို့နယ်၊ ရေဥက္ကံကျေးရွာနေ မျိုးမင်းထက်(ခ)ကျော်ကြီး (၁၉)နှစ်၊ သူရ(ခ)ဂွင်းကြီး(၂၃)နှစ်၊ ကျော်စိုးဦး(၁၉)နှစ်၊ညီညီမောင်(၂၄)နှစ်၊ ကျော်ဦး(ခ) ဝတုတ်(၄၄) နှစ်၊စိုးသီဟ(၂၅)နှစ်တို့ကို ဇူလိုင် ၂ ရက်နေ့ တွင်ဖမ်းဆီးခဲ့သည်။
၎င်းတို့ (၆)ဦးကို စစ်ဆေးရာ၎င်းတို့သည် ယခုနှစ်၊ မေလနှင့်ဇွန်လ အတွင်း လှိုင်သာယာမြို့နယ်၊ဘုရားလမ်းမှတ်တိုင်မှ သမိုင်းဈေးဘူတာ ပြေးဆွဲသည့် YBS ယာဉ်လိုင်းအမှတ် (၁၆)ပေါ်တွင် စီးနင်းလိုက်ပါလာသည့် ခရီးသည်များထံမှ လက်ကိုင်ဖုန်းမျိုးစုံ (၁၂)လုံး တို့အား နှိုက်ယူရောင်းချခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
အလားတူ ၎င်းတို့(၆)ဦးသည် YBS ယာဉ်လိုင်းအမှတ်(၂၂၊၂၃)ပေါ်တွင်စီးနင်းလိုက်ပါလာသည့် ခရီးသည် များထံမှလက်ကိုင်ဖုန်း(၉)လုံးတို့ကို နှိုက်ယူရောင်းချခဲ့ကြောင်း ပေါ်ပေါက်ခဲ့ သည်။
သက်ဆိုင်ရာက ၎င်းတို့နှိုက်ယူခဲ့သည့် လက်ကိုင်ဖုန်းများကို ရောင်းချပေါင်နှထသည့်နေရာများမှ ပြန်လည်သိမ်းဆည်းခဲ့ပြီး ပစ္စည်းပိုင်ရှင်များအနေဖြင့် အင်းစိန်၊လှိုင်သာယာမြို့မရဲစခန်းများသို့ ဆက်သွယ်ဆောင်ရွက်ရန် ရဲတပ်ဖွဲ့က ထုတ် ပြန်ထားသည်။

















