ကွာရှင်းထားသောဇနီးဟောင်း အခြားအမျိုးသားတစ်ဦးနှင့်သားမယားအဖြစ်နေထိုင်စဉ် ခင်ပွန်းဟောင်းက ဓါးဖြင့်ခုတ်သတ်

ကွာရှင်းထားသောဇနီးဟောင်း အခြားအမျိုးသားတစ်ဦးနှင့်သားမယားအဖြစ်နေထိုင်စဉ် ခင်ပွန်းဟောင်းက ဓါးဖြင့်ခုတ်သတ်

မတ္တရာမြို့နယ်တွင် အုပ်ချုပ်ရေးမှူးရုံးတွင် ကွာရှင်းထားသောဇနီးဟောင်းက အခြားအမျိုးသားတစ်ဦးနှင့်သားမယားအဖြစ်နေထိုင်နေသည်ကို ခင်ပွန်းဟောင်း မြင်တွေ့သဖြင့် ဓါးဖြင့်ခုတ်သတ်ခဲမှု့ ဇူလိုင် ၄ ရက်နေ့ ကဖြစ်မွားခဲ့သည်။

အဆိုပါနေ့  နံနက် ၃နာရီ၅၀မီးနစ်အချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီးမတ္တ္တရာမြို့နယ် ရေနံ့သာကျေးရွာအုပ်စု အောင်မြေအေးကျေးရွာတွင် လူသတ်မှုဖြစ်ပွားကြောင်း သတင်းအရ ရေနံ့သာနယ်မြေရဲစခန်းမှူး ရဲအုပ်လှနိုင် နှင့်အဖွဲ့ က သွားရောက်စစ်ဆေးခဲ့သည်။

အခင်းဖြစ် နေအိမ်အိမ်ခြံဝင်း အနီးတွင် မစိန်လှဆိုသူမှာ ဦးခေါင်းလည်ပင်းဝဲဘက်ခြမ်း ပြတ်ရှဒဏ်ရာ ယာလက်ပုခုံးပြတ်ရှဒဏ်ရာ ဝဲလက်ပျံပြတ်ရှဒဏ်ရာတို့ဖြင့် သေဆုံးနေသည်ကို တွေ့ရှိပြီး အလောင်းအား ရဲဆေးစာနှင့်အတူမတ္တရာဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့သည်။

စုံစမ်းချက်အရ လွန်ခဲ့သော ၁၀ ရက်ခန့်က အောင်မြေအေးကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင်လက်မှတ်ထိုးကွာရှင်းထားသည့် မောင်နိုင် (၄၀နှစ်) က ၄င်း၏ဇနီး ဟောင်း မစိန်လှ (၄၁)နှစ် မှာ နေအိမ်အိပ်ခန်းအတွင်း ဝက်ထီးကန်မြို့နေ မင်းခန့် (ခ)ဇော်ဇော် (၃၉)နှစ် နှင့် သားမယားဖြစ်နေထိုင်နေ သည် ကိုတွေ့သဖြင့် မောင်နိုင် က ဓါးဖြင့်ဝင်ခုတ်ခဲ့ကြောင်းသိရသည်။

ထို့နောက် မိတ်ဆွေထံသို့ သွားရောက်ခဲ့ပြီးမစိန်လှ ကို ဓါးဖြင့်ခုတ်သတ်ခဲ့ကြောင်းပြောဆိုပြီး ရာအိမ်စုမှူးဦးတင်ဦးကို မိတ်ဆွေအိမ်တွင် လာရောက်ဖမ်းဆီးရန်နှင့် ထွက်မပြေးကြောင်းဖုန်းဖြင့်ပြောကြားခဲ့ သည်။ စခန်းမှူးနှင့်အဖွဲ့က မောင်နိုင်ကိုဖမ်းဆီးခဲ့ပြီး အခင်းဖြစ်ပွားစဉ်က မင်းခန့် (ခ) ဇော်ဇော်ကိုပါ ဓါးနှင့်ခုတ်ခဲ့၍ ထွက်ပြေးသွားကြောင်းသိရ၍ လိုက်လံရှာဖွေခဲ့ရာမင်းခန့် (ခ)ဇော်ဇော်ကို ဆည်တော်ကြီးလမ်းခွဲ ကားလမ်းဘေးတွင် ယာလက်ပုခုံးပြတ်ရှဒဏ်ရာ ဝဲဘက်လက်ဖဝါးပြတ်ရှဒဏ်ရာ ဝဲဘက်ပုခုံးတွင် ၄ လက္မ ခန့် ပြတ်ရှဒဏ်ရာများရရှိထားသည်ကိုတွေ့ရသဖြင့် မတ္တရာဆေးရုံသို့ ပို့ဆောင်ခဲ့သည်။

ရေနံ့သာနယ်မြေရဲစခန်းက (ပ)၇၀/၁၈ ရာဇသက်ကြီး ပုဒ်မ ၃၀၂/၃၂၆ အရအမှု ဖွင့်အရေးယူထားသည်။