ဆော်ဒီအဏုမြူဓာတ်အားပေးစီမံကိန်း၊ အမေရိကန် ယူအေအီးတို့နှင့်အတူ တောင်ကိုရီးယားပါဝင်မည်

ဆော်ဒီအဏုမြူဓာတ်အားပေးစီမံကိန်း၊ အမေရိကန် ယူအေအီးတို့နှင့်အတူ တောင်ကိုရီးယားပါဝင်မည်

ဆော်ဒီအာရေဗျနိုင်ငံတွင် တည်ဆောက်မည့် နျူကလီးယားစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းအတွက် အမေရိကန်၊ ယူအေအီးတို့နှင့်အတူလက်တွဲကာ တောင်ကိုရီးယားလည်း ပါဝင်ခွင့် ရရှိရန် ကြိုးပမ်းနေသည်။

အဏုမြူနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာ ဘုရင်အဗ္ဗဒူလာမြို့ပြစီမံကိန်းအတွက် ဇူလိုင် ၁ ရက်၌ အမေရိကန်၊ ရုရှား၊ တရုတ်၊ ပြင်သစ်နှင့် တောင်ကိုရီးယားတို့သည် ဖြစ်နိုင်ချေကန်ထရိုက်များအဖြစ် ရွေးခြယ်ခံခဲ့ရသည်။ ဆော်ဒီသည် လျှပ်စစ်စွမ်းအား ၂ ဒသမ ဂဂ္ဂါဝပ်ရှိ နျူကလီးယားဓာတ်အားပေးစက်နှစ်လုံးကို ၂၀၃၀ အပြီး တည်ဆောက်လိုပြီး နောက်ထပ် နှစ် ၂၀ မှ ၂၅ နှစ်အတွင်း စုစုပေါင်း နျူကလီးယားဓာတ်အားပေးစက် ၁၆ လုံး ရရှိလိုသည်။

စက်ရုံနှစ်ခုအတွက် ခန့်မှန်းကုန်ကျစရိတ် ဒေါ်လာ ၁၉ ဘီလီယံဖြစ်ပြီး စက်ရုံ ၁၆ ရုံလုံးအတွက်ဆိုပါက ဒေါ်လာ ဘီလီယံ ၉၀ အထိ ရှိနိုင်သည်။

တောင်ကိုရီးယားကုန်သွယ်ရေး စက်မှုနှင့်စွမ်းအင်ဝန်ကြီးဌာနသည် အမေရိကန်၊ ယူအေအီးတို့နှင့် လက်တွဲ၍ ဆော်ဒီစီမံကိန်းတွင် ပါဝင်ရန် ဆုံးဖြတ်ခဲ့သည်။ လက်ရှိတွင် ဆော်ဒီနှင့်အမေရိကန်သည် ယင်းနျူစွမ်းအင်အရေး ဆွေးနွေးနေသည်။

တောင်ကိုရီးယားသည် ယူအေအီးတွင် နျူကလီးယားဓာတ်အားပေးစက်တစ်လုံး အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့ခြင်းကြောင့် နှစ်နိုင်ငံပူးပေါင်း၍ အမေရိကန်နှင့်အတူ ဆော်ဒီတွင် ပါဝင်ဆောင်ရွက်ရန် သဘောတူခဲ့ကြသည်။