မြို့ရှောင်လမ်းတွင် လမ်းဖြတ်ကူးသူ ခရီးသည်တင်ယာဉ်တိုက်မိသေဆုံးမှု စုံစမ်းနေ

မြို့ရှောင်လမ်းတွင် လမ်းဖြတ်ကူးသူ ခရီးသည်တင်ယာဉ်တိုက်မိသေဆုံးမှု စုံစမ်းနေ

ဇူလိုင် ၅ ရက်နေ့ နံနက် ၁၁ နာရီ ၄၀ မိနစ် အချိန်ခန့်တွင် လားရှိုးမြို့၊ မြို့ရှောင်လမ်းမကြီးပေါ်တွင် လမ်းဖြတ်ကူးသူ အမျိုးသားကို ခရီးသည်တင်ယာဉ်တိုက်မိသေဆုံးကြောင်းသတင်းအရ အမှတ်-၁၁၉ ယာဉ်ထိန်းတပ်ဖွဲ့စုမှ ရဲအုပ်တင်စိုးလင်း နှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။

သေဆုံးသူ မှာ လားရှိုးမြို့ ရွှေကျောက်ဂူ ၁၀ ရပ်ကွက်နေ ဦးအေးလွင် အသက်(၃၈)နှစ်အရွယ် ခန့်ဖြစ်ပြီး ညာဖက်နား ရွက်ပြဲ၊နောက်ညာဂျိုစောင်းပေါက်ပြဲဒဏ်ရာများရရှိသေဆုံးနေသည်ကို တွေ့ရသည်။

စုံစမ်းချက်အရ မယ်ဟန်ဘက်မှလာသည့် ခရီးသည်တင်ယာဉ်က လမ်းဖြတ်ကူးစဉ် ဝင်ရောက်တိုက်မိခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ အလောင်းကို လားရှိုးပြည်သူ့ဆေးရုံကြီးမှ တစ်ဆင့် ရင်ခွဲရုံ သို့ လာရှိုးလူ ငယ်များလူမှုကူညီရေးအဖွဲ့မှ ကူညီပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

သက်ဆိုင်ရာ သေဆုံးမှုနှင့်ပတ်သက်ပြီး ယာဉ်မောင်းသူကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄- က အရ အမှုဖွင့်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။