ဂျပန်နိုင်ငံက တစ်ကိုယ်ရေ မိခင်များ၏ သားသမီးများ လူမှုဘဝနိမ့်ကျ

ဂျပန်နိုင်ငံက တစ်ကိုယ်ရေ မိခင်များ၏ သားသမီးများ လူမှုဘဝနိမ့်ကျ

တိုကျို - ခရစ္စမတ်မတိုင်ခင်ညက အသက် ၄ နှစ်အရွယ် လူငယ်ကလေးတစ်ဦးကို တစ်ညလုံး ရိုက်နှက်မှုတစ်ခု ဖြစ်ပွားခဲ့သည်။

ဖူးရောင်ဒဏ်ရာများ တစ်ကိုယ်လုံးလွှမ်းကာ ခန္ဓာကိုယ်အတွင်းပိုင်းမှာ အကြီးအကျယ်သွေးယိုစိမ့်မှုဖြစ်ပြီး ဆေးရုံရောက်သည့်အခါ ကလေးမှာ သေဆုံးသွားပါပြီ။ ကလေး သေဆုံးပြီး မကြာခင်မှာ သူ့မိခင်နှင့် မိခင်၏ အမျိုးသား မိတ်ဆွေတို့ ဖမ်းဆီးခံခဲ့ရသည်။ အဆိုပါ ကလေးငယ် သေဆုံးမှုသတင်းကြောင့် ကြောက်လန့်မှုနှင့် အမျက်ဒေါသထွက်ကြပုံကို ဂျပန်မီဒီယာများက ဖော်ပြကြသည်။ ကလေးနှစ်ယောက်ရှိသော အိမ်ထောင်မရှိ မိခင် အိုရီအီကေဒါက သူနေထိုင်ရာ နေရာအနီးရှိ ချမ်းသာသော မီနိုမြို့ကလေးတွင် ထိုသို့ ရက်စက်ကြမ်းတမ်းသော ကိုယ်ထိလက်ရောက် ကျူးလွန်မှုဖြစ်ပွားခြင်းကို သူနားလည်နိုင်ကြောင်း ပြောသည်။

"ကျွန်မလည်း အဲဒီလိုမိခင်မျိုး ဖြစ်သွားနိုင်တယ်။ ကျွန်မ ကလေးတွေကို အကြမ်းမဖက်ခဲ့တာ ကံကောင်းတယ်"ဟု သူကပြောသည်။ အိုင်ကီဒါသည် အစိုးရက သင်ကြားပေးသော သင်တန်းတစ်ခု တက်ရောက်ခဲ့ကာ ဂျပန်နိုင်ငံတွင် အနိမ့်ဆုံးလစာ အလုပ်တစ်ခုဖြစ်သည့် သက်ကြီးရွယ်အိုများကို ပြုစုစောင့်ရှောက်ပေးသည့် အလုပ်ရရှိရန် အထောက်အကူ ဖြစ်စေခဲ့သည်။ ဂျပန်နိုင်ငံရှိ တစ်ကိုယ်ရေမိခင် ခေါ် အိမ်ထောင်မရှိ မိခင်အများစုမှာ တိုင်းပြည်တွင် အလယ်အလတ်ရရှိသော ဝင်ငွေ၏ ထက်ဝက်အောက်နည်းသော ငွေပမာဏဖြင့် ရပ်တည်နေရသည်ဟု စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်းက သတ်မှတ်ထားသည့် ဆင်းရဲမွဲတေမှုအညွှန်းတွင် ဖော်ပြထားသည်။ ၎င်းတို့က မွေးဖွားသော ကလေးများမှာ ယေဘုယျအားဖြင့် ဆင်းရမွဲတေခြင်း၊ ပညာမတတ်ခြင်းနှင့် အလားအလာနည်းပါးသည့် ဆင်းရဲသားလူတန်းစားတစ်ရပ်ဖြစ်ကာ ချမ်းသာကြွယ်ဝပြီး သက်ကြီးရွယ်အိုများပြားသော ဂျပန်နိုင်ငံတွင် အနာဂတ် လုပ်သားအင်အားစုဖြစ်သည့် ကလေးများအတွက် သိသာထင်ရှားသော လုပ်ဆောင်မှုများ လုပ်မပေးနိုင်ပေ။ ဂျပန်ရှိ ကလေးခုနစ်ဦးလျှင် တစ်ဦးမှာ ဆင်းရဲမွဲတေမှုကို တွေ့ကြုံခံစားရသည်။

စာသင်ကျောင်းများရှိ ကလေးများ၏ နှစ်စဉ် လူမှုဖူလုံရေးပေးငွေနှင့် လျော့နည်းသွားသည့် အခွန်အခများအတွက် ယန်း ၁ ဒသမ ၁ ထရီလျံနှင့် လျော့နည်းသွားသည့် ဝင်ငွေများအတွက် ယန်း ၂ ဒသမ ၉ ထရီလျံ ဂျပန်နိုင်ငံက ကုန်ကျခံကာ မဖြေရှင်းနိုင်ကြောင်း တိုကျိုရှိ နီပွန်ဖောင်ဒေးရှင်း အဆိုအရ သိရသည်။

အနာဂတ်တွင် အလုပ်လုပ်နိုင်သည့် အသက် ၁၅ နှစ်အရွယ်ကလေးများအပေါ် အကျိုးသက်ရောက်မှုကို  ခန့်မှန်းတွက်ချက်ပြခြင်းဖြစ်သည်။ လူငယ်လူရွယ်များ၊ အဆင့်မြင့် ကျွမ်းကျင်လုပ်သားများ အလွန်အမင်း လိုအပ်နေသည့် နိုင်ငံတစ်နိုင်ငံအတွက်  အဆိုပါအချက်သည် အခွင့်အရေးဆုံးရှုံးခြင်းပင် ဖြစ်သည်။

တရုတ်နိုင်ငံ၏ စီးပွားရေတိုးတက်မှု အရိပ်အောက်တွင် ဆယ်စုနှစ်များစွာ တိုးတက်မှု ဆိတ်သုဉ်းပြီးနောက် ဂျပန်နိုင်ငံသည် ချမ်းသြွာကယ်ဝဆုံးနိုင်ငံ ၁၀ နိုင်ငံတွင် ပါဝင်နေဆဲဖြစ်သည်။

သို့သော်အဆိုပါ ချမ်းသြွာကယ်ဝမှုများသည် ဂျပန်နိုင်ငံရှိ တစ်ကိုယ်တော်မိခင်များထဲသို့ ပျံ့နှံ့ရောက်ရှိလာခြင်း မရှိပေ။ ၎င်းတို့ထဲမှ ထက်ဝက်မရှိတရှိ လူဦးရေမှာ မယားစရိတ်ရရှိကြကာ ၎င်းတို့ အလုပ်အကိုင်ရသည့်တိုင်အောင် အခက်အခဲများမှာ မကျော်လွှားနိုင်အောင် များပြားလှသည်။ ဂျပန်နိုင်ငံတွင် အလုပ်ချင်းတူသည့် အမျိုးသမီးများသည် အမျိုးသားများထက် အကြမ်းဖျင်းအားဖြင့် ဝင်ငွေ ၃၀ ရာခိုင်နှုန်းလျော့နည်းရရှိကာ အမျိုးသမီးများ၏ ၆၀ ရာခိုင်နှုန်းခန့်မှာ အချိန်ပိုင်း အလုပ်လုပ်ကိုင်ခြင်း၊ လစာနည်းပြီး အကျိုးခံစားခွင့်မရှိသည့် ယာယီအလုပ်အကိုင်များကို လုပ်ကိုင်ကြရသည်။

 

အိမ်ထောင်မရှိ မိခင်အများစုမှာ တိုင်းပြည်တွင် အလယ်အလတ်ရရှိသော ဝင်ငွေ၏ ထက်ဝက်အောက်နည်းသော ငွေပမာဏ...

ဂျပန်နိုင်ငံ၏ လူဦးရေမှာ ခြုံငုံကြည့်လျှင် ကျဆင်းနေသော်လည်း နိုင်ငံအတွင်းရှိ အိမ်ထောင်မရှိ မိခင်များ၏ အိမ်ထောင်စုအရေအတွက်မှာ ၁၉၉၂ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်အတွင်း ၇၁၂,ဝ၀ဝ အထိ ၅၀ ရာခိုင်နှုန်းခန့် မြင့်တက်လာသည်ဟု အလုပ်သမားဝန်ကြီးဌာနက ဖော်ပြထားသည်။ ယခင်အိမ်ထောင်ထံမှ မယားစရိတ် သို့မဟုတ် ကလေးထောက်ပံ့ကြေးရသော သူများ၊ မိဘနှစ်ဦးနှင့်အတူနေထိုင်ရသူများမှာ ကံကောင်းသူများဖြစ်သည်။ ဂျပန်နိုင်ငံတွင် ကလေးများကို တစ်ယောက်တည်း အုပ်ထိန်းရသည့် မိခင်၊ သို့မဟုတ် ဖခင်များသည် ဆင်းရဲရန် အလားအလာပိုများသည်ဟု အိုအီးစီဒီ အဆိုအရ သိရသည်။ ၂၀၁၂ ခုနှစ် နှောင်းပိုင်းမှစ၍ ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ ဦးဆောင်မှုအောက်တွင် ကလေးသူငယ်များ၏ ဒုက္ခအကျပ်အတည်းသည် ပြေလျော့လာသည်ဟု လူဦးရေ ကိန်းဂဏန်းပိုင်းဆိုင်ရာ ဝန်ကြီး မာဆာဂျီမတ်စုယာမာက ပြောသည်။ ၂၀၁၂ နှင့် ၂၀၁၅ ခုနှစ်ကြားတွင် ကလးသူငယ်ဆင်းရဲမွဲတေမှုမှာ ၁၆ ဒသမ ၃ ရာခိုင်နှုန်းမှ ၁၃ ဒသမ ၃ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ကာ မိဘတစ်ဦးတည်းရှိသော အိမ်ထောင်စုများမှာ ၅၄ ဒသမ ၆ ရာခိုင်နှုန်းမှ ၅၀ ဒသမ ၈ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့သည်ဟု အလုပ်သမားဝန်ကြီးဌာနက ဖော်ပြသည်။

၂၀ဝ၄ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ကလေးသူငယ်ညှဉ်းပန်းနှိပ်စက်မှု အမှုပေါင်း ၁,၄၄၇ မှုထဲတွင် ၃၂ ရာခိုင်နှုန်းမှာ မိဘတစ်ဦးတည်းရှိသော အိမ်ထောင်စုများတွင် ဖြစ်ပွားခဲ့ပြီး စီးပွားရေးကျပ်တည်းသော အိမ်ထောင်စုများတွင် ၃၁ ရာခိုင်နှုန်းဖြစ်ပွားကြောင်း တိုကျိုမက်ထရိုပိုလီတန် အစိုးရ၏ အစီရင်ခံစာအရ သိရှိရသည်။

(ဝါရှင်တန်ပို့စ်)