ပလတ်စတစ် အမှိုက်ပြဿနာ အာရှတွင် အဖြေရှာ

ပလတ်စတစ် အမှိုက်ပြဿနာ အာရှတွင် အဖြေရှာ

တရုတ်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ သီရိလင်္ကာ၊ ထိုင်းနှင့် မလေးရှားတို့သည် သမုဒ္ဒရာများထဲသို့ စီးဝင်သည့် စုစုပေါင်း ပလတ်စတစ်စွန့်ပစ် ပစ္စည်းများ၏ ၆၃ ရာခိုင်နှုန်းအတွက် တာဝန်ရှိကြသည်။

ကြွယ်ဝသော ကမ္ဘာ့နိုင်ငံများက ပြန်လည် ပြုပြင်အသုံးပြုနိုင်သော ပလတ်စတစ် စွန့်ပစ်ပစ္စည်းများ တရုတ်နိုင်ငံက လက်ခံမှုကို ယခုနှစ် ဇန်နဝါရီ ၁ ရက်ကစ၍ ရပ်ဆိုင်း လိုက်သောအခါ သမုဒ္ဒရာတွင်း ပလတ်စတစ် အမှိုက်ကြောင့် ရေထုညစ်ညမ်းမှုပြဿနာမှာ ပိုဆိုးရွားလာခြင်းအတွက် ဝေဖန်ခံနေရသည်။ သို့သော် တရုတ်သည် တစ်ဦးတည်းသော တရားခံမဟုတ်ပါ။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ထိုအကျပ်အတည်းက ပိုဆိုးရွားနေသည်။

အာရှရှိ တရုတ်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ သီရိလင်္ကာ၊ ထိုင်းနှင့် မလေးရှား အပြင် အီဂျစ်နိုင်ငံတို့သည် သမုဒ္ဒရာများထဲသို့ စီးဝင်သည့် စုစုပေါင်း လတ်စတစ်စွန့်ပစ် ပစ္စည်းများ၏ ၆၃ ရာခိုင်နှုန်းအတွက် တာဝန် ရှိကြသည်။ ထိုစွန့်ပစ်ပစ္စည်း အနည်းငယ်သည် ချမ်းသာသောနိုင်ငံများမှ တင်ပို့ခြင်းဖြစ်သည်။ ၎င်းတို့ အားလုံးနီးပါးသည် အာရှက စားသုံးသူ လူတန်းစားအသစ်များကသာ ဖြစ်စေသည်။ အများစုမှာ အမှိုက်သိမ်းခြင်း၊ ပလတ်စတစ်ကို အသုံးပြု၍ မြေဖို့ခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းများကို မပြုလုပ်ကြပေ။

အမှိုက်သရိုက်များ များပြားလာခြင်းသည် ဆက်စပ်နေသော ဖြစ်ရပ်နှစ်ခုဖြစ်သည့် မြို့ပြပုံစံ ခေတ်မီစေခြင်းနှင့် ဝင်ငွေ တိုးပွားလာခြင်းတို့၏ ရလဒ်ဖြစ်သည်။ ကျေးလက်ဒေသနေ လူများသည် မြို့များသို့ ပြောင်းရွှေ့လာကြပြီး ထုပ်ပိုးထားခြင်းမရှိသော ပစ္စည်းများဝယ်ယူရာမှာ ပလတ်စတစ်ဖြင့် ထုပ်ပိုးထားသော ပစ္စည်း (အထူးသဖြင့် အစားအစာ)များ ဝယ်ယူခြင်းကို ပြောင်းလဲပြုလုပ်လာကြသည်။ ၎င်းတို့၏ ဝင်ငွေတိုးလာ၍ ဝယ်ယူသုံးစွဲခြင်းများလာကာ အမှိုက်သိမ်းခြင်းနှင့် ရှင်းလင်းခြင်း လုပ်ငန်းက အလျင်မီအောင် မဆောင်ရွက်နိုင်ခဲ့ပေ။ ဝင်ငွေနည်းသော နိုင်ငံများတွင် အမှိုက်အားလုံး၏ ထက်ဝက်နီးပါးကို နည်းလမ်းတကျသိမ်းပြီး အနည်းငယ်မျှသော အမှိုက်များကိုကောက်ကာ စည်းမဲ့ကမ်းမဲ့ လူမြင်သူမြင် အမှိုက်ပုံများတွင် ပစ်ကြသည်။ ၂၀၁၅ ခုနှစ်၌ သိပ္ပံပညာရှင်များ၏ ခန့်မှန်းချက်အရ ဗီယက်နမ်က အမှိုက်သရိုက်၏ ၈၈ ရာခိုင်နှုန်းသည် အမှိုက်ပုံးများဖြင့် ထည့်မထားသော အမှိုက်ပုံများသို့ ပစ်ကြသည်။ တရုတ်နိုင်ငံတွင် ၇၇ ရာခိုင်နှုန်းပစ်ကြပြီး ၎င်းနှင့် ယှဉ်လျှင် အမေရိကန်ပြည်ထောင်စု၌ နှစ်ရာခိုင်နှုန်းရှိသည်။

ဂျကာတာမြို့၏ ရေကြောင်းများသည် ပလတ်စတစ် အမှိုက်များဖြင့် ပိတ်ဆို့နေပြီး ကွာလာလမ်ပူမြို့တွင် လေဆိပ်သို့သွားသည့် မြန်နှုန်းမြင့် မီးရထားလမ်းများတွင် အမှိုက်များစုပုံနေသည်။ တရုတ်မြို့ကြီး၏ ဆင်ခြေဖုံး အရပ်များတွင် ပလတ်စတစ်အိတ် အလွတ်များနှင့် အသင့်ပြင် ခေါက်ဆွဲခွက်များ လမ်းပခုံးတိုင်းပေါ်၌ပစ်ထားကြသည်။ သမုဒ္ဒရာများထဲသို့ ပလတ်စတစ်စွန့်ပစ်ပစ္စည်းများ သယ်ဆောင်သွားသည့် မြစ် ၁၀ စင်းတွင် ရှစ်စင်းသည် အာရှကဖြစ်ကြောင်း လေ့လာရေး တစ်ခုက ဖော်ပြသည်။

ထိုကိစ္စအတွက် အဖြေရှာရာတွင် တရုတ်က လက်လီရောင်းသမားများကို ပလတ်စတစ်အိတ်များ အလကားမပေးရန် ၁၀ နှစ်ကြာ တားမြစ်ခဲ့သော်လည်း အကျိုးမရှိခဲ့ပေ။ အင်ဒိုနီးရှားတွင် ပလတ်စတစ်ပုလင်းများနှင့် ဘူးများကို အခွန်ကောက်ရန် ကြိုးပမ်းခဲ့သည်။ အာရှတွင် ပြန်လည်ပြုပြင် သုံးစွဲခြင်း သည် လုပ်နေကျဖြစ်သော်လည်း ပလတ်စတစ်က မကြာခဏ မကျော်လွှားနိုင်သော စိန်ခေါ် မှုများကို ပေးသည်။ နည်းပညာဆိုင်ရာနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်များကြောင့် ဖွံ့ဖြိုးဆဲဒေသများတွင် မပြုလုပ်နိုင်ဘဲ ကမ္ဘာတစ်ဝန်း ကိုးရာခိုင်နှုန်းသာ ပြုလုပ်နိုင်ခဲ့သည်။ အခြားဖြေရှင်းနည်းတစ်နည်းမှာ မှန်မှန် အမှိုက်သိမ်းမှုကို ပိုကောင်းအောင်လုပ်ခြင်း ဖြစ်သည်။ Ocean Conservancy and the McKinsey Centre for Business and Environment က မကြာမီပြုလုပ်သော လေ့လာရေးက တရုတ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် ဗီယက်နမ်စသော အာရှငါးနိုင်ငံတွင် အမှိုက်သိမ်းမှုနှုန်းကို ရာခိုင်နှုန်း ၈၀ အထိ တိုးမြှင့်ခြင်းက သမုဒ္ဒရာတွင် ပလတ်စတစ်အမှိုက် ၂၃ ရာခိုင်နှုန်းကို ၁၀ နှစ်အတွင်း လျှော့ချနိုင်ကြောင်း တွေ့ရှိသည်။ အမှိုက်သိမ်းခြင်းနှင့် ရှင်းလင်းခြင်းသည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဘတ်ဂျက်များ၌ အကုန်အကျအများဆုံးကိစ္စဖြစ်သည်။

ယူကေတွင် အထောက်အကူပြုအဖွဲ့များက အစိုးရကို ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ထိုကိစ္စအတွက် နှစ်စဉ် နိုင်ငံခြား အထောက်အပံ့၏ သုံးရာခိုင်နှုန်းသုံးစွဲရန် တွန်းအားပေးနေသည်။ လက်ရှိတွင် သုည ဒသမ ၃ ရာခိုင်နှုန်းသုံးစွဲသည်။ အိန္ဒိယနှင့် အင်ဒိုနီးရှားက ထိုလုပ်ငန်းတွင် 3M Co.Coca Cola Co. နှင့် Procter & Gamble Co. အပါအဝင် ကမ္ဘာ့ ကော်ပိုရေးရှင်းများက ရင်းနှီးမြှုပ်နှံရန် ဒေါ်လာသန်း ၁၅၀ ကို အမေရိကန် ထောက်ခံအားပေးရေးအဖွဲ့  Closed Loop Ocean က မတည်ပေးနေသည်။ ရေနံဓာတုနှင့် ပလတ်စတစ်ကုမ္ပဏီများကလည်း အမြန်ဆုံး ပူးပေါင်းသင့်ကြောင်း ဘလွန်းဘာ့ဂ် ဆောင်းပါးရှင် အဒမ်မင်တာက ရေးသားထားသည်။