ဆူလာဝေစီ ကူးတို့သင်္ဘောနစ်မြုပ်
အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်း လှိုင်းလေထန်သည့် ကမ်းလွန် ပင်လယ်ပြင်တွင် ဇူလိုင် ၃ ရက် ညဦးပိုင်းက ခရီးသည် ၁၃၉ ဦးတင်ဆောင်လာသော ကူးတို့သင်္ဘောတစ်စင်း နစ်မြုပ်ခဲ့ရာ ကယ်ဆယ်ရေးလုပ်ငန်းများ ညတွင်းချင်းဆောင်ရွက်ခဲ့ပြီး ခရီးသည် ၆၉ ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း အမျိုးသား သဘာဝဘေးအန္တရာယ် လျော့ပါးစေရေး အေဂျင်စီက ဆိုသည်။
ခရီးသည် မည်မျှ ပျောက်ဆုံးနေကြောင်း အတိအကျမသိရသော်လည်း ကလေးနှစ်ဦးအပါအဝင် အလောင်း ၂၉ လောင်းကို ဆယ်ယူရရှိခဲ့သည်။ ဘတ်စ်ကားတစ်စီးနှင့် ကုန်တင်ကားများအပါအဝင် မော်တော်ယာဉ်အတော်များများ တင်ဆောင်လာသော ၄၈ ဒသမ ၅ မီတာရှည်သည့် အဆိုပါ ကူးတို့သင်္ဘောသည် ဆူလာဝေစီကျွန်း၏ တောင်ဘက်ဆီလာယာကျွန်းသို့ အသွားတွင် နစ်မြုပ်ခဲ့ခြင်းဖြစ်သည်။

















