လူမှုကွန်ရက်မှ တစ်ဆင့်ခင်မင်ရင်းနှီးသူကအအေးတွင်ဆေးခတ်တိုက်ခဲ့ပြီးရွှေဆွဲကြိုးဖြုတ်ယူ

လူမှုကွန်ရက်မှ တစ်ဆင့်ခင်မင်ရင်းနှီးသူကအအေးတွင်ဆေးခတ်တိုက်ခဲ့ပြီးရွှေဆွဲကြိုးဖြုတ်ယူ

အောင်မြေသာဇံမြို့နယ်တွင် မသင်္ကာသူ ကိုစစ်ဆေးခဲ့ရာမှ လူမှုကွန်ရက်မှ တစ်ဆင့်ခင်မင်ရင်းနှီးသူကအအေးတွင်ဆေးခတ်တိုက်ခဲ့ပြီးရွှေဆွဲကြိုးဖြုတ်ယူမှု ဇွန် ၄ ရက်နေ့ ကပေါ်ပေါက်ခဲ့သည်။

နံနက် ၁၀ နာရီအချိန် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ (၆၅×၆၀)လမ်းကြား၊ (၁၉)လမ်း အရောက် ဆိုင်ကယ်တစ်စီးဖြင့်မသင်္ကဖွယ်တွေ့ရှိသူ ချမ်းမြသာစည်မြို့နယ်နေ ထက်အောင်(ခ)ကေမင်းခန့်(၂၃)နှစ် ကို သက်ဆိုင်ရာက ရပ်တန့်စစ်ဆေးခဲ့သည်။

၎င်းကို စစ်ဆေးချက်အရ ဇွန်လ ၃၀ ရက်နေ့တွင် လူမှုကွန်ရက်ပေါ်တွင် ခင်မင်ရင်းနှီးခဲ့သူ အမျိုးသမီးတစ်ဦး (၁၈×၁၉) လမ်းကြား၊ (၆၆)လမ်း၊ ကျုံးဘေးရှိ အအေးဆိုင်တွင် တွေ့ဆုံစဉ် ၎င်းအမျိုးသမီးသောက်မည့် အအေး ခွက်အတွင်း မူးဝေစေသောဆေးခတ်ကာ တိုက်ခဲ့ကြောင်း မူးဝေနေစဉ် အမျိုးသမီး၏ လည်ပင်းတွင်ဝတ် ဆင်ထားသည့် အလေးချိန်(၁)ကျပ်(၂)ရွေးသားခန့်ရှိ ပုံဆန်းဆက်ဖြတ်ရွှေဆွဲကြိုး(၁)ကုံး ကို ဖြုတ်ယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

အမှတ်(၁)နယ်မြေရဲစခန်း (ပ)၃၁၃/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၂/၃၂၈ အရ အမှုဖွင့်စစ်ဆေး လျက်ရှိ သည်။