ထိုင်းနိုင်ငံ ချင်းရိုင်ပြည်နယ်တွင် လာမည့်ရက်ပိုင်း အတွင်း မိုးကြီးလာနိုင်ခြေရှိသဖြင့် ထမ့်လွမ်ဂူတွင်းရေလျှံ လာနိုင်သောကြောင့် ပိတ်မိနေသည့်ကျောင်းသား ၁၂ ဦးနှင့်ဘောလုံးနည်းပြတို့ကိုကယ်ထုတ်နိုင်ရန် ထိုင်းကယ် ဆယ်ရေးအဖွဲ့များက အရှိန်မြှင့်ကြိုးပမ်းလျက်ရှိသည်။
မိုးကြီးကာ ဂူအတွင်းရေလျှံလာပါက ကျောင်းသား ငယ်များခိုလှုံရာနေရာအထိပါ ရေလွှမ်းမည့်အန္တရာယ် ရှိနိုင်သည်။အသက် ၁၁ နှစ်မှ ၁၆ နှစ်ကြားကျောင်းသား များနှင့် အသက် ၂၅ နှစ်အရွယ် ဘောလုံး နည်းပြတို့သည် ဇွန် ၂၃ ရက်က စတင်ကာ ဂူတွင်းရေကြီးမှုကြောင့် ပိတ်မိနေခဲ့ခြင်းဖြစ် သည်။ ၎င်းတို့ ဂူတွင်းဝင်ရောက်သွားချိန်သည် ခြောက်သွေ့နေချိန်ဖြစ်သော်လည်း ရုတ်တရက် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဂူတွင်းရေ လွှမ်းကာ ပြန်မထွက်နိုင်ခဲ့ခြင်းဖြစ်သည်။
သင်ကြားပေး
ကျောင်းသားများကို ဇူလိုင် ၂ ရက် ညပိ်ုင်းတွင် ဗြိတိန်ရေငုပ်အဖွဲ့က ဂူပေါက်ဝမှ ၂ ဒသမ ၅ မိုင်နေရာတွင် ရှာတွေ့ခဲ့ခြင်းဖြစ် သည်။ လက်ရှိတွင် ကျောင်းသားများရှိနေသော နေရာသို့သွားရန် အသွားခြောက်နာရီ၊ အပြန် ငါးနာရီကြာမြင့်လျက်ရှိသည်။ ချင်းရိုင်၌ ယခု ရက်ပိုင်းအတွင်း မိုးရွာသွန်းမှုနည်းပါးနေသေး ရာ နောက်ရက်အနည်းငယ်အထိ ထိုသို့ဆက် လက်နည်းပါးနေပါက ဂူတွင်းရေကျကာ ကျောင်း သားများသည် လမ်းလျှောက်၍တစ်ဖုံ၊ ရေကူး ၍တစ်ဖုံဖြင့် ပြန်ထွက်နိုင်မည်ဖြစ်ပြီး ရေငုပ်ရန် လိုမည်မဟုတ်ကြောင်း သိရသည်။ သို့သော် မိုးလေဝသခန့်မှန်းချက်အရ မိုးကြီးလာနိုင်ခြေ ရှိသဖြင့် ကယ်ဆယ်ရေးအဖွဲ့များသည် ဂူတွင်း ရေမြန်မြန်ကျစေရန် ရေစုပ်စက်များဖြင့် အချိန် လုကာ စုပ်ထုတ်လျက်ရှိသကဲ့သို့ ရေငုပ်၍ပြန် ထွက်ရန် လိုအပ်ပါက ရေငုပ်နိုင်ရန်အတွက် ရေမကူးတတ်သောကျောင်းသားများကို ရေကူး နှင့်ရေငုပ်အခြေခံများလည်း သင်ကြားပေးလျက် ရှိကြောင်း သိရသည်။
















