နေအိမ်တွင် ဘုရားရှစ်ခိုးနေသူ ဓါးဖြင့်ခုတ်သတ်ခံရ

နေအိမ်တွင် ဘုရားရှစ်ခိုးနေသူ ဓါးဖြင့်ခုတ်သတ်ခံရ

ဇူလိုင် ၆ ရက်နေ့ နံနက်၆နာရီခန့်တွင် တောင်သာမြို့နယ် သပြေပင်ကျေးရွာ(အိုးဘို) ဦးမောင်စိုး၏ ဇနီးဖြစ်သူဒေါ်ကြည်ဌေး (၄၂ နှစ်)ဘုရာရှိခိုးနေစဉ် ထန်းတောကျေးရွာမှကိုကျော်နိုင် ရောက်ရှိလာပြီး ယင်းနေအိမ်ရှိ ဓားမဖြင့် ခုတ်သတ်မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။

အလောင်းကို မေတ္တာစိတ္တလူမှုကူညီရေးအသင်းမှ တောင်သာဆေးရုံသို့ပို့ဆောင်ကူညီပေးခဲ့ပြီး သက်ဆိုင်ရာက အမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ကနဦးသိရသည်။