ဂုတ်တွင်းအဆင်း ၅ ထပ်ကွေ့တွင် ခရီးသည်တင်ယာဉ်တိမ်းမှောက်ခဲ့ပြီး လူတစ်ဦးသေဆုံး ကာ ၁၆ ဦးဒဏ်ရာရ

ဂုတ်တွင်းအဆင်း ၅ ထပ်ကွေ့တွင် ခရီးသည်တင်ယာဉ်တိမ်းမှောက်ခဲ့ပြီး လူတစ်ဦးသေဆုံး ကာ ၁၆ ဦးဒဏ်ရာရ

ကျောက်မဲ ဂုတ်တွင်းအဆင်း ၅ ထပ်ကွေ့တွင် ခရီးသည်တင်ယာဉ်တိမ်းမှောက်ခဲ့ပြီး လူတစ်ဦးသေဆုံး ကာ ၁၆ ဦးဒဏ်ရာရရှိခဲ့မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။

ကျောက်မဲမြို့နယ်၊ ပြည်ထောင်စုလမ်းမကြီး ဂုတ်တွင်း အဆင်း လမ်း မိုင်တိုင်(၈၄/၂-၃)ကြား၌ ရဲမင်း(ခ)ရဲမင်းအောင်(၂၇)နှစ်မောင်းနှင်ပြီး ခရီးသည် ၂၄ ဦး လိုက်ပါလာသည့် ကြယ်စင်သစ္စာ (မန္တလေး-မူဆယ်)ခရီးသည်တင် ယာဉ် သည် ဇူလိုင်လ ၄ ရက်နေ့ ၁၁ နာရီ အချိန် ခန့်တွင် အရှိန် မထိန်းနိုင်ဘဲ လမ်း ၏ယာဘက်ခြမ်း ငါးထပ်ကွေ့မှ လေးထပ်ကွေ့သို့ ပြုတ်ကျတိမ်းမှောက် သွား ခဲ့သည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ကျား တစ်ဦး(စိစစ်ဆဲ) တွင် ဝမ်းဗိုက်ပေါက်ပြဲ၊ ပါးစပ်/ နှာခေါင်းသွေး ထွက်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး မနန်းငယ်ငယ်(၂၀)နှစ်တွင် မေးစေ့ အောက်ပေါက်ပြဲ၊ ယာခြေထောက်ကျိုး၊ ရင်ဘတ်အောင့်ဒဏ်ရာ နှင့် ယာဉ်မောင်း ရဲမင်း(ခ) ရဲမင်းအောင်ပါ ၁၅ ဦး တို့တွင် ပွန်းပဲ့ပေါက်ပြဲနာကျင်ဒဏ်ရာများ ရရှိခဲ့သည်။

သေဆုံး/ဒဏ်ရာရရှိသူ ၁၇ ဦးတို့အား နောင်ချိုပြည်သူ့ဆေးရုံသို့ တင်ပို့ခဲ့ပြီး ဇူလိုင်လ ၅ ရက်နေ့ နံနက် ၈ နာရီ ၅၀ အချိန်တွင် ယာဉ်မောင်းကို နောင်ပိန်နယ်မြေရဲစခန်း ယာဉ်(ပ) ၉/၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က/ ၃၃၈ / ၃၃၇/၂၇၉ အရ အမှုဖွင့်အရေးယူထားသည်။