လူ့အခွင့်အရေးချိုးဖောက်မှု၊ အကျဉ်းသားများကို နှိပ်စက်မှု၊ အကျင့်ပျက်ခြစားမှု၊ လုပ်ငန်းပိုင်းအရည်အသွေးညံ့ဖျင်းမှုများဖြင့် အကျဉ်းထောင်မှူးငါးဦးကို အီသီယိုးပီးယား ဝန်ကြီးချုပ် အဘီအာမတ်က ရာထူးမှထုတ်ပယ်လိုက်ကြောင်း သိရသည်။ ထိုငါးဦးကိုစုံစမ်း စစ်ဆေးကာ ဆက်လက်အရေးယူသွားရန်ရှိကြောင်းလည်း သိရသည်။
ထိုငါးဦးသည် ပေးအပ်ထားသောတာဝန် ကို ကျြွေပန်စွာ ဆောင်ရွက်နိုင်ခြင်းမရှိသဖြင့်ထုတ်ပယ်လိုက်ခြင်းဖြစ်ကြောင်း ရှေ့နေချုပ် ဘာဟာနူဆီဂါရီကလည်း ပြောသည်။ ထုတ် ပယ်ခံရသောထောင်မှူးများသည် အကျဉ်း သားများ၏လိုအပ်ချက်များကို ပြည့်မီအောင် ဖြည့်ဆည်းပေးနိုင်ခြင်းမရှိသလို၊ အကျဉ်းသား များ၏အခွင့်အရေးများကိုလည်း မလေးမစား ချိုးဖောက်မှုများရှိခဲ့ပြီး အနိုင်ကျင့်နှိပ်စက်မှုများ အထိ ကျူးလွန်ခဲ့ကြသဖြင့် စုံစမ်းစစ်ဆေးသွား မည်ဟု ရှေ့နေချုပ်ကပြောသည်။
ပြုပြင်ပေးရမည်
အကျဉ်းသားများသည်လည်း နိုင်ငံသားများ သာဖြစ်ကြောင်း၊ ပြစ်မှုကျူးလွန်သောကြောင့် သာ အကျဉ်းထောင်တွင်းရောက်ရှိနေခြင်းဖြစ် ကြောင်း၊ အကျဉ်းထောင်ဟူသည် ပြစ်မှုကျူး လွန်သူများအား ပြုပြင်ပေးရမည့်နေရာဖြစ် ကြောင်း၊ ထောင်မှပြန်ထွက်လာလျှင် လူ့အဖွဲ့ အစည်းထဲသို့ ပြန်ဝင်နိုင်အောင် ပြုပြင်အား ပေးရမည့်နေရာသာဖြစ်ကြောင်း ရှေ့နေချုပ်က ပြောဆိုသည်။ ထိုရည်ရွယ်ချက်များမှ လမ်း ချော်ကာ အကျဉ်းသားအခွင့်အရေးမလေးစား ခြင်း၊ နှိပ်စက်ခြင်းများပြုနေခြင်းသည် နိုင်ငံ သားပင်ဖြစ်သောအကျဉ်းသားများကို မလေး စားရာရောက်သလို တရားဥပဒေစိုးမိုးမှုမရှိရာ လည်းရောက်နေကြောင်း ရှေ့နေချုပ် ဆီဂါရီ က ပြောဆိုသည်။
ဖွင့်ချ
လွတ်မြောက်လာသောအကျဉ်းသားများ က ထောင်မှူးများ၏နှိပ်စက်အနိုင်ကျင့်မှုများ၊ အကျဉ်းသားအခွင့်အရေးချိုးဖောက်မှုများကို နှဗွှ အပါအဝင် မီဒီယာအများအပြားတွင် ဖွင့်ချခဲ့ကြပြီးနောက် ယခုကဲ့သို့ ဝန်ကြီးချုပ် က ထောင်မှူးများကိုထုတ်ပယ်ကာ စစ်ဆေး အရေးယူရန် အားထုတ်လာခြင်းလည်းဖြစ် သည်။

















