ဗြိတိန်နိုင်ငံ၌ စစ်ဘက်သုံးအာရုံကြောအဆိပ်ဖြင့် တိုက်ခိုက်ခံရမှုကြောင့် လူနှစ်ဦးကို ဆာလစ်ဘာရီခရိုင်ဆေးရုံ၌ ကုသမှုများပြုလုပ် ပေးနေရကြောင်း ဗြိတိန်ရဲတပ်ဖွဲ့က ဇူလိုင် ၄ ရက်အနှောင်းပိုင်းတွင် ထုတ်ပြန်ခဲ့သည်။
ဆိုဗီယက်ယူနီယံတွင် ထုတ်လုပ်ခဲ့သည့် အာရုံကြောအဆိပ်ဖြင့် လေးလတာကာလ အတွင်း နှစ်ကြိမ်တိုင်တိုင်တိုက်ခိုက်မှုဖြစ်ပွား ခဲ့ပြီးဖြစ်သည်။ ရုရှားသူလျှိုဟောင်း ဆာဂေ ဆာကရီပယ်နှင့် သမီးယူလီယာတို့အား တိုက် ခိုက်ခဲ့ရာတွင်အသုံးပြုခဲ့သည့် နိုဗီချော့ခ်အာရုံ ကြောအဆိပ်ဖြင့် အသက် ၄၀ ကျော်အရွယ်ရှိ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း လန်ဒန်မြို့ပြ ရဲတပ်ဖွဲ့ ဒုတိယကော်မရှင်နာ နီးလ်ဘာဆုက ပြောဆိုခဲ့သည်။
မေ့မြော
ပထမတိုက်ခိုက်မှုဖြစ်ပွားခဲ့သည့် ဆာလစ် ဘာရီမှ ရှစ်မိုင်(၁၃ ကီလိုမီတာ)အကွာရှိ အာမက်စ်ဘာရီရှိ အဆောက်အအုံတစ်လုံးထဲ တွင် မေ့မြောနေသည့် အမျိုးသားနှင့်အမျိုး သမီးတို့ကိုတွေ့ရှိခဲ့ပြီးနောက် လေးရက်အကြာ တွင် ဗြိတိန်ရဲတပ်ဖွဲ့က အာရုံကြောအဆိပ်ဖြင့် တိုက်ခိုက်မှုဖြစ်ကြောင်း အတည်ပြုထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။
ခက်ခဲ
ဖြစ်ရပ်နှစ်ခုကြား ဆက်စပ်မှုရှိ မရှိကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ဘာဆုက ပြောဆိုခဲ့သည်။ ယခုတိုက်ခိုက်ခံရသူနှစ်ဦး သည် သူလျှိုဟောင်းများမဟုတ်သောကြောင့် တိ်ုက်ခိုက်မှု၏ အကြောင်းအရင်းကိုပြောဆိုရန် ခက်ခဲနေဆဲဖြစ်ကြောင်း ၎င်းကပြောဆိုခဲ့သည်။ ဆာကရီပယ်သားအဖ တိုက်ခိုက်ခံရမှုသည် ရုရှား၏လက်ချက်ဖြစ်ကြောင်း ဗြိတိန်အစိုးရ က ပြောဆိုခဲ့ပြီးဖြစ်သည်။
ဖုန်းဆက်ခေါ်ယူ
ဇွန် ၃၀ ရက်အစောပိုင်းတွင် အာမက်စ် ဘာရီ၌နေထိုင်သည့်အမျိုးသမီးတစ်ဦး မူးမေ့ လဲကျကြောင်း သတင်းပေးမှုရှိခဲ့ပြီးနောက် ယင်းနေ့အနှောင်းပိုင်းတွင် အမျိုးသားတစ်ဦး လည်း မူးမေ့လဲကျခဲ့ကြောင်း ဖုန်းဆက်ခေါ် ယူမှုရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောဆိုခဲ့သည်။ လဲကျသူနှစ်ဦးမှာ နေအိမ်တစ်လုံးထဲတွင် နေ ထိုင်သူများဖြစ်ကြပြီး အသက် ၄၄ နှစ်အရွယ် ဒေါင်းစတာဂက်စ်နှင့် အသက် ၄၅ နှစ်အရွယ် ချာလီရိုလေတို့ဖြစ်ကြောင်း မိတ်ဆွေများက ပြောဆိုခဲ့သည်။
ကုသမှုပြုလုပ် အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ သိရှိထားပြီး အလေးအနက်ထားပါကြောင်း ဝန်ကြီးချုပ်ထရီ ဆာမေ၏ရုံးက ပြောဆိုခဲ့သည်။ အစိုးရအဖွဲ့ သည် အရေးပေါ်ကော်မတီအစည်းအဝေးကို ဇူလိုင် ၄ ရက်နှင့် ၅ ရက်တွင် ခေါ်ယူခဲ့ပြီးဖြစ် သည်။ အာမက်စ်ဘာရီရှိ တိုက်ခိုက်ခံရသူနှစ်ဦး ကိုလည်း ဆာကရီပယ်စ်သားအဖကို ကုသမှု ပြုလုပ်ခဲ့သည့် ဆာလစ်ဘာရီခရိုင်ဆေးရုံ၌ပင် ကုသမှုများပြုလုပ်ပေးနေသည်။

















