တရုတ်နိုင်ငံရှိ အင်အားကြီးကုမ္ပဏီလုပ်ငန်းစုကြီးHNA Group၏အကြီးအကဲ ဝမ်ကျန်သည် ပြင်သစ်တောင်ပိုင်း ပရိုဗန့်ဒေသသို့ သွားရောက်လည်ပတ်စဉ် အမြင့်မှပြုတ်ကျကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အသက်မမီ
အသက် ၅၇ နှစ်အရွယ် ဝမ်ကျန်သည် ရှုခင်းသာယာလှပ သော ဘွန်နျူရွာကိုနောက်ခံထားကာဓာတ်ပုံရိုက်ရန် အဆောက် အအုံမြင့် အစွန်းနေရာသို့တက်စဉ် ပြုတ်ကျခြင်းဖြစ်ကြောင်း သိရသည်။ ကယ်ဆယ်ရေးအဖွဲ့များက အမြန်ဆုံးကယ်ဆယ် ခဲ့သော်လည်း အသက်မမီခဲ့ကြောင်း သိရသည်။ သမားရိုးကျ သေဆုံးမှုသာဖြစ်ပြီး လုပ်ကြံမှု၊ လူသတ်မှုအဖြစ် သံသယဖြစ် စရာအချက်အလက်မျိုးမတွေ့ရကြောင်း ပြင်သစ်ရဲတပ်ဖွဲ့က ပြောသည်။ မစ္စတာဝမ်နှင့်အတူ တိုးရစ် ၁၀ ဦးခန့်သည် ဘွန် နျူရွာသို့ သွားရောက်လည်ပတ်စဉ် လှပသောဘွန်နျူရွာကို နောက်ခံထားကာ ဓာတ်ပုံရိုက်လိုသဖြင့် မစ္စတာဝမ်သည်တောင်ပေါ်ဘုရားကျောင်းသို့ရောက်ရှိသည်တွင် အဆောက် အအုံစွန်းသို့သွားကာ မိသားစုဝင်တစ်ဦးကို ဓာတ်ပုံရိုက်ခိုင်း နေစဉ် ပြုတ်ကျခြင်းဖြစ်ကြောင်းသိရသည်။ ပေ ၄၀ သို့မဟုတ် ပေ ၅၀ အမြင့်ခန့်မှ ပြုတ်ကျခြင်းဖြစ်ကြောင်း ဒေသဆိုင်ရာ ရဲတပ်ဖွဲ့အကြီးအကဲ ဟူးဘတ်မာရီရတ်စ်က ပြောသည်။
အဓိကပိုင်ဆိုင်
မစ္စတာဝမ်ဦးဆောင်နေသော HNA Group သည် ကမ္ဘာ့ အကြီးဆုံးကုမ္ပဏီလုပ်ငန်းစုများထဲတွင်ပါဝင်ပြီး လေကြောင်း၊ ကမ္ဘာလှည့်ခရီးသွား၊ ဘဏ္ဍာရေးကဏ္ဍများတွင် အဓိကလုပ်ကိုင် လျက်ရှိသည်။Deutsche Bank တွင်လည်း အဓိကရှယ်ယာ များ ပိုင်ဆိုင်ထားသလို ဟီလ်တန်ဟိုတယ်လုပ်ငန်း၊ လန်ဒန် အထပ်မြင့်တိုက်အများအပြားတွင်လည်း အဓိကပိုင်ဆိုင်သူဖြစ် ကာ ကမ္ဘာတစ်ဝန်း လုပ်သားလေးသိန်းခန့် ခန့်ထားသောကုမ္ပဏီလုပ်ငန်းစုကြီးဖြစ်သည်။

















