မက္ကဆီကိုရှိလူငယ်များအား အလုပ်အကိုင်ဆိုင်ရာသင်တန်းပေးရန်နှင့် သက်ကြီးရွယ် အိုများအား ထောက်ပံ့ရန်အတွက် ဒေါ်လာ ၇ ဒသမ ၅ ဘီလီယံသုံးစွဲမည်ဖြစ်ကြောင်း မက္ကဆီကိုသမ္မတအဖြစ် ရွေးကောက်ခံထားရသည့် အန်ဒရေစ်မယ်နူယယ်လိုပက်ဇ်အော် ဘရာဒေါက ကတိပြုပြောဆိုလိုက်ပြီဖြစ်သည်။
ပညာသင်ဆုနှင့် အလုပ်သင်သင်တန်းများ အတွက်လျာထားသည့် ဒေါ်လာငါးဘီလီယံ၏တစ်စိတ်တစ်ပိုင်းအဖြစ် မက္ကဆီကိုကုမ္ပဏီများက အလုပ်သင်အဖြစ်ခန့်ထားသူများအတွက်လစာ ကို အစိုးရကပေးမည်ဖြစ်ကြောင်း လိုပက်ဇ် အော်ဘရာဒေါက ပြောဆိုခဲ့သည်။
အဓိကထား
တစ်ချိန်က စီးပွားရေးလုပ်ငန်းများကို ဝေဖန်ပြစ်တင်ခဲ့သည့် လက်ဝဲဝါဒီလိုပက်ဇ် အော်ဘရာဒေါသည် ဇူလိုင် ၄ ရက်တွင် စီးပွား ရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီး သဘော တူညီမှုရယူခဲ့ခြင်းဖြစ်သည်။ လိုပက်ဇ်အော် ဘရာဒေါသည် ဒီဇင်ဘာ ၁ ရက်တွင် သမ္မတ အဖြစ် စတင်တာဝန်ထမ်းဆောင်မည်ဖြစ်ပြီး လူငယ်များနှင့်သက်ကြီးရွယ်အိုများအား အကူ အညီပေးခြင်းကို သမ္မတသက်တမ်း ပထမနှစ် တွင် အဓိကထားလုပ်ဆောင်မည်ဖြစ်သည်။
အနိုင်ရ
အစိုးရအဖွဲ့ဝင်များ ဝတ်စရာမရှိလျှင် တောင် အကူအညီပေးနေဦးမည်ဖြစ်ကြောင်း လိုပက်ဇ်အော်ဘရာဒေါက ပြောဆိုခဲ့သည်။ လိုပက်ဇ်အော်ဘရာဒေါ၏ ရွေးကောက်ပွဲ အောင်နိုင်မှုကို ရွေးကောက်ပွဲအာဏာပိုင်များ နှင့် တရားရုံးများက အတည်ပြုပေးရန်ကျန်ရှိ နေသေးသည်။ ၎င်းသည် ဇူလိုင် ၁ ရက် ရွေးကောက်ပွဲတွင် မဲအပြတ်အသတ်ဖြင့်အနိုင် ရရှိခဲ့သည်။
ကတိပြု
အသက် ၆၈ နှစ်နှင့်အထက် မက္ကဆီကို နိုင်ငံသားများ တစ်ရက်လျှင် ၂ ဒသမ ၂၅ ဒေါ်လာခန့်စီရရှိရေးအတွက် သက်ကြီးရွယ် အိုထောက်ပံ့ပေးရေးရန်ပုံငွေကို ဒေါ်လာ ၂ ဘီလီယံအထိသုံးစွဲမည်ဖြစ်ကြောင်း လိုပက်ဇ် အော်ဘရာဒေါက ပြောဆိုခဲ့သည်။ ၂၀ဝ၀ ပြည့်နှစ်များ၌ လိုပက်ဇ်အော်ဘရာဒေါ မက္ကဆီ ကိုစီးတီးမြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင် ချိန်တွင် သက်ကြီးရွယ်အိုများအား ထောက်ပံ့ ကြေးများပေးအပ်ခဲ့ကာ ယခုအချိန်တွင်လည်း တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် သက်ကြီး ရွယ်အိုတစ်ဦးလျှင် ဒေါ်လာ ၆၀ ခန့်စီထောက် ပံ့မည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။
စီစဉ်
အလုပ်အကိုင်မဲ့လူငယ်များအား မူးယစ် ဆေးဝါးဂိုဏ်းများက အသုံးချမှုများရှိနေသော ကြောင့် အလုပ်အကိုင်မဲ့မှုနှုန်းလျော့ကျရန် ယခုကဲ့သို့စီစဉ်ရခြင်းဖြစ်သည်။

















