အိုင်အက်စ်အကြမ်းဖက်အဖွဲ့၏ခေါင်း ဆောင် အဘူဘေကာအယ်လ်ဘာဂါဒါဒီ၏သားဖြစ်သူသည် ဆီးရီးယားအစိုးရတပ်များ၏သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ပြီဖြစ်ကြောင်း အိုင်အက်စ်အဖွဲ့က ပြောဆိုခဲ့သည်။
အယ်လ်ဘာဂါဒါဒီ၏သားငယ် သေဆုံး သည့်သတင်းကို အိုင်အက်စ်အဖွဲ့၏လူမှုမီဒီယာ အကောင့်များ၌ ဇူလိုင် ၃ ရက်အနှောင်းပိုင်း တွင်ဖော်ပြခဲ့ခြင်းဖြစ်သည်။ ဟူသိုင်ဖာအယ်လ် ဘာဒရီဟုအမည်ရသည့်လူငယ်လေးက ရိုင် ဖယ်သေနတ်တစ်လက်ကို ကိုင်ထားသည့် ဓာတ်ပုံကိုလည်းဖော်ပြခဲ့သည်။
အယ်လ်ဘာဂါဒါဒီ၏ သားဖြစ်သူသည် အင်ဂီမာဆီဟုသိကြသည့် အထူးတပ်ဖွဲ့ဝင် တစ်ဦးဖြစ်ပြီး ဆီးရီးယားအလယ်ပိုင်း ဟွမ်စ် ခရိုင်ရှိ ဓာတ်အားပေးစက်ရုံတစ်ရုံ၌ ဆီးရီး ယား၊ ရုရှားတပ်များနှင့်တိုက်ခိုက်စဉ် သေဆုံး ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြ ထားသည်။ ဟွမ်စ်၌ ဇွန်ပထမရက်သတ္တပတ် နှစ်ပတ်တွင် စစ်ဆင်ရေးပြုလုပ်ခဲ့ကြောင်း ဆီးရီးယားရှိစစ်ပွဲအခြေအနေကို စောင့်ကြည့် နေသည့် ဆီးရီးယားရှိ လူ့အခွင့်အရေးစောင့် ကြည့်ရေးအဖွဲ့က ပြောဆိုခဲ့သည်။
အယ်လ်ဘာဂါဒါဒီကိုယ်တိုင်သည်လည်း သေဆုံး သို့မဟုတ် ဒဏ်ရာရရှိပြီဖြစ်ကြောင်း အကြိမ်ကြိမ်ပြောဆိုခံခဲ့ရပြီးဖြစ်သော်လည်း ၎င်းအသက်ရှင်လျက်ရှိနေဆဲဟု အများက ယူဆထားကြသည်။ အယ်လ်ဘာဂါဒါဒီ၏မိသားစုအကြောင်းကို များစွာမသိရှိခဲ့ရသော် လည်း ၎င်း၏ဇနီးနှင့်သမီးဟု ယူဆရသူနှစ်ဦး ကို ၂၀၁၄ ခုနှစ်တွင် လက်ဘနွန်၌ဖမ်းဆီး မိခဲ့သည်။
















