၀ိုင်ဘီအက်စ် ၃၇ ယာဉ်လိုင်း ၈ မိုင်ဂုံးကျော်တံတား အတက် လမ်းချော်
ဇူလိုင် ၆ ရက်နေ့ နံနက် ၁၁ နာရီ အချိန်ခန့်တွင် မရမ်းကုန်းမြို့နယ် ၈ မိုင်ဂုံးကျော်တံတား အတက်တွင် ဝိုင်ဘီအက်စ် ၃၇ (မှော်ဘီ)ယာဉ်လိုင်းသည် လမ်းချော်မှုဖြစ်ပွားခဲ့ပြီး တံတားလက်ရ မ်းကို ဝင်ရောက်တိုက်မိခဲ့ကြောင်းသိရသည်။
တံတားလက်ရမ်းကာများပျက်ဆီးခဲ့ပြီး တံတားဘောင်ပေါ်သို့ ဘီးကျွံသွားခဲ့သည်။ အဆိုပါဖြစ်စဉ်တွင် ခရီးသည်အချို့ ပွန်းပဲ့မှုသာဖြစ်ပေါ်ခဲ့ပြီး ပြင်းထန်စွာဒဏ်ရာရရှိသူမရှိကြောင်း Yangon Bus Service – YBS မှ ထုတ်ပြန်ထားသည်။

















