သံလွင်တံတား စစ်ဆေးရေးဂိတ်တွင် သိန်း ၈၀ဝ၀ ကျော်ခန့် စိတ်ကြွရူးသွပ်ဆေးနှင့် ဘိန်းဖြူများဖမ်းမိ

သံလွင်တံတား စစ်ဆေးရေးဂိတ်တွင် သိန်း ၈၀ဝ၀ ကျော်ခန့် စိတ်ကြွရူးသွပ်ဆေးနှင့် ဘိန်းဖြူများဖမ်းမိ

မော်လမြိုင်မြို့ သံလွင်တံတား စစ်ဆေးရေးဂိတ်တွင် သိန်း ၈ ထောင်ကျော် တန်ဖိုးရှိ စိတ်ကြွရူး သွပ်ဆေးပြား နှင့် သယ်ဆောင်လာသော ၅ ဦးကို ပြည်နယ်ရဲတပ်ဖွဲ့က ဇူလိုင် ၅ ရက် ဖမ်းဆီးရမိ ခဲ့ကြောင်းသိရသည်။

အဆိုပါနေ့ ညနေ ၅ နာရီခန့်တွင် မွန်ပြည်နယ်ရဲတပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးသတင်းအရ သတင်းရ မုတ္တမ ဘက်ခြမ်းမှ မော်လမြိုင်ဘက်သို့ ယာဉ်မောင်း စံဝင်း (၂၈ နှစ်) မောင်းနှင်ပြီး ဦးစန်း လွင် (၃၇ နှစ်) လိုက်ပါလာသည့် ဗစ်အမျိုးအစား ခဲရောင် ယာဉ်ကိုသက်ဆိုင်ရာက စစ်ဆေးခဲ့သည်။ အဆိုပါယာဉ်အတွင်း မှ စိတ်ကြွဆေးပြားများတွေ့ရှိခဲ့ပြီး ၄င်းပစ္စည်းများမှာ ရှမ်းပြည်နယ်၊ မိုးနဲမြို့နယ်၊ နမ့်မလင်းကျေးရွာနေ ဒေါ်တင်တင်လှ (ခ) နန်းစံတွမ်း (၅၇ နှစ်)၏ ပစ္စည်းများ ဖြစ်ကြောင်းသိရသည်။

မူးယစ်ဆေးဝါးကွင်းဆက်သတင်းအရ မော်လမြိုင်မြို့၊ မန္တလေး ရပ်ကွက်၊ ဒိုင်းဝန်ကွင်း လမ်းမကြီး ပေါ်ရှိ ပြည်နယ်ခန်းမ အနီး၌ ယာဉ်မောင်း အမျိုးသား တစ်ဦး၊ ဒေါ်တင်တင်လှနှင့် ၎င်း၏သားဖြစ်သူ အောင်စိုးစိုးဝင်း (၂၃ နှစ်) တို့ လိုက်ပါလာသည့် လူမှုကူညီ ရေးအသင်း အမည်စတေကာတပ်ဆင် ထားသည့် အေဒီ ဗင် အဖြူရောင် လူနာတင် ယာဉ်ကို တားဆီးရှာဖွေခဲ့သည်။

အဆိုပါယာဉ် ၂ စီးအတွင်းမှ ဘိန်းဖြူ ဘလောက်တုံး ၃၈၅ ဂရမ် ၊WY ပန်းရောင်ဆေးပြား ၁၅၃၄၆၅ ပြား နှင့်WY အစိမ်းရောင်ဆေးပြား ၁၅၄၀ ပြား စုစုပေါင်း ၁၅၅၀ဝ၅ ပြား တို့ကို သက်ဆိုင်ရာက သိမ်းဆည်းရမိခဲ့ခြင်းဖြစ် ကြောင်းသိရသည်။

ဖမ်းဆီးရမိခဲ့သည့် စိတ်ကြွမူးယစ်ဆေးပြားများ၏ ကာလတန်ဖိုး ၄၆၅၀၁၅၀ဝ၀ ဖိုးခန့် ရှိကြောင်း သိရပြီး စုစုပေါင်းတန်ဖိုး သိမ်းပေါင်း ၈၀ဝ၀ ကျော်ခန့်ရှိကာ မွန်ပြည်နယ်တွင် ပမာဏ အများဆုံးဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အမှုဖြင့် ဖမ်းဆီးထားသူ ၅ ဦးကို နယ်မြေ ရဲစခန်း ၌ ဒိုင်းကွင်းနယ်မြေရဲစခန်းက မယ (ပ) ၁၀/၂၀၁၈ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉ (က) /၂၀(က)/၂၁ အရ အမှုဖွင့်အရေးယူထားသည်။