နေပြည်တော်ရဲတပ်ဖွဲ့ မူးယစ်အထူးအဖွဲ့ငယ်မှ တပ်ဖွဲ့ဝင်များမှ စိတ်ကြွရူးသွပ်ဆေးပြား များ ရောင်းချ သည်ဆိုသူ ၂ ဦးကို ဇူလိုင် ၅ ရက်နေ့တွင် ပျဉ်းမနားမြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
အဆိုပါနေ့ မွန်းလွဲပိုင်းတွင် ပျဉ်းမနားမြို့ ရွှေချီရပ်ကွက်၊ ဦးစိန်းလမ်းတွင် မူးယစ်ဆေးဝါး သတင်းအရ မသင်္ကာသူ ခန့်ညား၊ ၁၇ နှစ် မောင်းနင်းလာသည့် ဆိုင်ကယ်ကို သက်ဆိုင် ရာက ရှာဖွေခဲ့သည်။
၄င်း၏လွယ်အိတ်အတွင်းမှ ခဲစက္ကူအပိုင်းသေးဖြင့် ထုတ်ပိုးထားသော မူးယစ်စိတ်ကြွရူးသွပ် ပန်းရောင် ဆေးပြား (၅)ပြား၊ နှစ်ရာကျပ်တန်အား တိတ်ကပ်၍ လေးထောင့်ပုံတစ်ခုနှင့် ငွေကျပ်( ၈၉၂,၅၀ဝ)နှင့် HONDA SCOOPYI-125 အမျိုးအစား အနက်ရောင်ဆိုင်ကယ်တစ်စီးတို့ကို အမှုဖြင့် သိမ်းဆည်းခဲ့သည်။
ထို့နည်းတူ ပျဉ်းမနားမြို့၊ ရွာကောက်ရပ်ကွက်၊ သူကြီးစုရပ်၊ ရန်ကုန်-မန္တလေး ကားလမ်းဟောင်းဘေး၊ အုန်း တောကွေ့အနီးတွင် ဂတုံး(ခ)စိုင်းကိုကို စီးနင်းလာသော ဆိုင်ကယ်ကို သတင်းအရ ဆက်လက်ရှာဖွေခဲ့သည်။
၄င်းခန္ဓာကိုယ်နှင့် ဆိုင်ကယ်တို့မှ အိတ်အသေးဖြင့်ထုတ်ထားသည့် နီညိုရောင် စိတ်ကြွဆေးပြား (၁၀)ပြားပါ (၄)ထုပ်၊ စိတ်ကြွ့ဆေးပြား(၂၀ဝ)ပြားပါ (၉)ထုပ်၊ စိတ်ကြွဆေးပြား(၁၆၀)ပြားပါ (၁)ထုပ်၊ စုစုပေါင်း စိတ်ကြွဆေးပြား(၂၀ဝ၀)ပြားနှင့် ငွေကျပ်(၈၅၉,ဝ၀ဝ)၊ မူးယစ်ဆေးဝါးသုံး စွဲရာတွင် အသုံးပြုသော ကျည်းပိုက်တိုတစ်ချောင်း၊ အရှည်(၈)လက်မခန့်ရှိ ပိုက်သေးပျော့ (၂)ချောင်း၊ ခဲစက္ကူ ချပ် အပိုင်းသေး(၁၂)ချပ်၊ ရောင်စုံဂါတ်မီးခြစ်(၂၀)လုံး၊ ငွေမှင်ရောင်ဟန်းဆက်တစ်လုံး၊ ဆိုင်ကယ် တစ်စီးနှင့် ငွေမှင်ရောင် ဓားရိုးတပ် ဓားအိမ်ပါ ဓားရှည် တစ်ချောင်းတို့ကိုတွေ့ရှိ သိမ်းဆည်းခဲ့ပြီး ၄င်းတို့ ၂ ဦးကို သက်ဆိုင်ရာက မူးယစ်ဆေးဝါးဥပဒေအရ အမှုဖွင့် စစ်ဆေးလျက်ရှိသည်။

















