ဖိလစ်ပိုင်တွင် ငွေကြေးဖောင်းပွမှု ၅ဒသမ ၂ ရာခိုင်နှုန်းအထိမြင့်တက်

ဖိလစ်ပိုင်တွင် ငွေကြေးဖောင်းပွမှု ၅ဒသမ ၂ ရာခိုင်နှုန်းအထိမြင့်တက်

ယခုနှစ်ဇွန်လအတွင်း ဖိလစ်ပိုင်တွင် ငွေကြေးဖောင်းပွမှု ၅ ဒသမ ၂ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ရာ ငါးနှစ်အတွင်း အမြန်ဆုံးနှုန်းထားဖြစ်ကြောင်း ဖိလစ်ပိုင်စာရင်းအင်းဌာန PSA က ပြောဆိုသည်။

ဇွန်လအတွင်း ဖောင်းပွနှုန်းမှာ ၄ ဒသမ ၆ ရာခိုင်နှုန်းရှိခဲ့သည့် မေလဖောင်းပွနှုန်းထက် သုည ဒသမ ၆ ရာခိုင်နှုန်းတိုးတက်ကြောင်း ဖိလစ်ပိုင်ငွေကြေး ဖောင်းပွနှုန်းမှာ ခြောက်လဆက်တိုက်အရှိန်မြင့်မားနေကြောင်း ဖိလစ်ပိုင်စာရင်းအင်းဌာန PSA က ပြောသည်။ဇွန်လဖောင်းပွနှုန်းမြင့်ရခြင်းတွင် အစားအစာနှင့် အယ်လ်ကိုဟော မပါသည့် အဖျော်ယမကာများတွင် ၆ ဒသမ ၁ ရာခိုင်နှုန်းအထိတက်ခဲ့ကြောင်း သိရသည်။

ဖိလစ်ပိုင်စာရင်းအင်းဌာန PSA က ပြောရာတွင် အယ်လ်ကိုဟောပါသည့် အဖျော်ယမကာ နှင့် စီးကရက်များမှာ ဇွန်လအတွင်း ၂၀ဒသမ၈ရာခိုင်နှုန်းအထိတက်ခဲ့ကြောင်း၊ အိမ်ရာ၊ ရေ၊ ဓာတ်ငွေ့ စသည့်လောင်စာများတွင် ၄ ဒသမ ၆ ရာခိုင်နှုန်းတက်ခဲ့ကြောင်း၊ အိမ်သုံး ပစ္စည်း ၃ ရာခိုင်နှုန်း၊ သယ်ယူပို့ဆောင်ရေး ၇ ဒသမ ၁ ရာခိုင်နှုန်း၊ ဆက်သွယ်ရေး သုညဒသမ ၄ ရာခိုင်နှုန်း၊ ပညာရေး ၄ ရာခိုင်နှုန်းတက်ခဲ့ကြောင်း ဖိလစ်ပိုင်စာရင်းအင်း ဌာန PSA က ပြောသည်။