နိုင်ငံခြားအလုပ်သမားမလိုလားသည့် သမ္မတထရမ့် ပိုင်ဆိုင်သည့် မာရာလာဂိုအပန်းဖြေစခန်း နိုင်ငံခြားအလုပ်သမား ၆၁ ဦးငှားရမ်းလို

နိုင်ငံခြားအလုပ်သမားမလိုလားသည့် သမ္မတထရမ့် ပိုင်ဆိုင်သည့် မာရာလာဂိုအပန်းဖြေစခန်း နိုင်ငံခြားအလုပ်သမား ၆၁ ဦးငှားရမ်းလို

နိုဝင်ဘာတွင် စတင်မည့် လာမည့်အပန်းဖြေရာသီအတွက် သမ္မတဒေါ်နယ်ထရမ့်ပိုင် မာရာလာဂိုအပန်းဖြေစခန်းသည် နိုင်ငံခြားအလုပ်သမား ၆၁ ဦး ငှားရမ်းရန် အလိုရှိနေသည်။

အမေရိကန်အလုပ်သမားမှတ်ပုံတင်ဌာန၏ ယခုအပတ်တွင်း ထုတ်ပြန်ချက်အရ မာရာလာဂိုအပန်းဖြေစခန်းသည် တစ်နာရီလုပ်ခ ၁၂ ဒသမ ၆၈ ဒေါ်လာပေးမည့် စားပွဲထိုးကျားမ ၄၀၊ တစ်နာရီလုပ်ခ ၁၃ ဒသမ ၃၁ ဒေါ်လာပေးမည့် ထမင်းချက် ၂၁ ဦးတို့ကို နိုင်ငံခြားအလုပ်သမားများထဲမှ ငှားရမ်းလိုသည်ဟုဆိုသည်။ ယင်းအလုပ်သမားများလုပ်မည့် အမေရိကန် နိုင်ငံသားများ အလုံအလောက် မရရှိသဖြင့် နိုင်ငံခြားအလုပ်သမားများ ငှားရမ်းလိုခြင်းဖြစ်သည်။
    သမ္မတထရမ့်သည် အမေရိကန်ကုမ္ပဏီများက နိုင်ငံခြားအလုပ်သမားများ ငှားရမ်းခြင်းကို ဝေဖန်ပြစ်တင်ခဲ့သော်လည်း မာရာလာဂိုက ငှားရမ်းလိုခြင်းအတွက်မူ ဒေသခံများက ယင်းအလုပ်နေရာများအတွက် အလုံအလောက် လျှောက်ထားခဲ့ခြင်း မရှိ၍ဟု ကာကွယ်ပြောဆိုခဲ့သည်။
    လွန်ခဲ့သည့်နှစ်ကလည်း မာရာလာဂိုစခန်းသည် အိပ်ချ်တူးဘီ ဗီဇာဖြင့် နိုင်ငံခြားအလုပ်သမား ၇၀ ငှားရမ်းခဲ့သည်။