လွတ်လပ်စွာကုန်သွယ်ရေးထိန်းသိမ်းရန် အီးယူပြောဆိုမှု တရုတ်ချီးကျူး

လွတ်လပ်စွာကုန်သွယ်ရေးထိန်းသိမ်းရန် အီးယူပြောဆိုမှု တရုတ်ချီးကျူး

ကမ္ဘာ့စီးပွားရေးတွင် လွတ်လပ်စွာကုန်သွယ်ရေးကို ထိန်းသိမ်းရန် ဥရောပသမဂ္ဂ(အီးယူ)က ပြောဆိုခဲ့ခြင်းကို တရုတ် ဝန်ကြီးချုပ် လီခက်ချန်က ချီးကျူးပြောဆိုခဲ့သည်။

အဖွဲ့ဝင်နိုင်ငံ ၂၈ နိုင်ငံပါ အီးယူသည် မရှိမဖြစ်အင်အားစုတစ်ရပ်ဖြစ်ပြီး ကမ္ဘာ့ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ကြွယ်ဝချမ်းသာရေးတို့အတွက် လွန်စွာအရေးပါကြောင်းလည်း ပြောဆိုခဲ့သည်။ ကမ္ဘာ့စီးပွားရေးနှေးကွေးကျဆင်းခြင်းကို ရှောင်ရှားရန် လွတ်လပ်စွာကုန်သွယ်ရေးနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို မဖြစ်မနေ ထိန်းသိမ်းရမည်ဖြစ်ကြောင်းလည်း လီခက်ချန်က ဘူလ်ဂေးရီးယားမြို့တော် ဆိုဖီယာတွင် ဇူလိုင် ၇ ရက်က ပြောဆိုခဲ့သည်။
    တရုတ်၏နံပါတ်နှစ်ခေါင်းဆောင်အဖြစ် သတ်မှတ်ခံရသူ လီခက်ချန်သည် ဗဟိုနှင့် အရှေ့ဖျားဥရောပနိုင်ငံ ၁၆ နိုင်ငံမှ ခေါင်းဆောင်များနှင့်ဆွေးနွေးရန် ဆိုဖီယာသို့ရောက်ရှိနေခြင်းဖြစ်သည်။ ယင်းထိပ်သီးဆွေးနွေးပွဲသည် တရုတ်၏ ပိုးလမ်းမသစ် စီမံကိန်းတွင် ဥရောပ၏ရင်းနှီးမြှုပ်နှံမှုရရှိရေးနှင့် စီးပွားရေးအဆက်အသွယ်များ တိုးတက်ရန် အားထုတ်မှု တစ်စိတ်တစ်ပိုင်းလည်းဖြစ်သည်။