မက္ကဆီကိုပင်လယ်ကွေ့တွင် ၂၀၁၆ က ရေနံယိုဖိတ်ခဲ့မှုအတွက် တရားရင်ဆိုင်နေရသည့် နယ်သာလန်မှ ရှဲလ်ရေနံကုမ္ပဏီ၏လုပ်ငန်းခွဲတစ်ခုက အမေရိကန်အစိုးရထံ ဒဏ်ကြေး အမေရိကန်ဒေါ်လာ ၃ ဒသမ ၈ သန်း ပေးဆောင်တော့မည်ဖြစ်သည်။
၂၀၁၆ မေတွင် ဖြစ်ပွားခဲ့သည့် ရေနံယိုဖိတ်မှုကြောင့် ရေနံစည်ပေါင်း ၂၀ဝ၀ နီးပါး(၃၁၇၉၇၅ လီတာ)သည် လူစီယားနားကမ်းခြေအထိ ၉၇ မိုင်(၁၅၆ ကီလိုမီတာ)တိုင်အောင် ပြန့်နှံ့ခဲ့သည်။ ပင်လယ်ကြမ်းပြင်တွင် ချထားသည့် ပိုက်လိုင်းစနစ် ချွတ်ယွင်းမှုကြောင့် ယိုဖိတ်ခဲ့ရကြောင်း တရားရုံးတွင် သက်သေခံသည့် အထောက်အထားများအရ သိရပြီး ယင်းအတွက် အမေရိကန်အစိုးရက တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
ယခုဒဏ်ကြေးပေးအပ်မှုသည် အပြီးသတ်မဟုတ်သေးချေ။ ပြည်ထောင်စုတရားသူကြီးတစ်ဦးဦးက အပြီးသတ် အတည်မပြုမီ ရက် ၃၀ အတွင်း အများပြည်သူဝေဖန်သုံးသပ်ချက်များ ကြားနာဦးမည်ဖြစ်သည်။ တင်ဘာလီယာကျွန်းတောင်ဘက် မိုင် ၉၀ ကွာတွင် ဖြစ်ပွားခဲ့သည့် ယင်းရေနံယိုဖိတ်မှုကို ရဟတ်ယာဉ်တစ်စီးက ၁၃ မိုင်အကွာမှပင် သတိပြုမိခဲ့သဖြင့် ထိုအချိန်က သတင်းထူးဖြစ်ခဲ့သည်။
















