ဘောနတ်ကြီး ကားလမ်းပေါ်တွင် မြေသယ်ယာဉ်နှင့် ဆိုင်ကယ်တိုက်မှုဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်မောင်းသူ ၂ ဦးသေဆုံးခဲ့မှု ဇူလိုင်လ ၈ ရက်နေ့က ဖြစ်ပွားခဲ့သည်။
အဆိုပါနေ့ မွန်းလွဲ ၂ နာရီ ခွဲ အချိန်ခန့်တွင် ပဲခူးမြို့နယ် ဝင်္ဂဘော်ကျေးရွာ၊ ဘောနတ်ကြီး ကား လမ်းမိုင်တိုင်အမှတ် ၃/၃ နှင့် ၄အကြား ယာဉ်တိုက်မှု ဖြစ်ပွားကြောင်းသတင်းအရဘုရားကြီး နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များကသွားရောက်စစ်ဆေးခဲ့သည်။
အဆိုပါနေရာတွင် ကင်းချောင်းကျေးရွာနေ ယာဉ်မောင်း ထွန်းလင်းအောင် မောင်းနှင်သော Forland အပြာရောင်(၆)ဘီးယာဉ်သည်ဘောနတ်ကြီးဘက်မှ ဘုရားကြီးမြို့ဘက်သို့ မောင်းနှင်လာစဉ် အမျိုးသား ၂ဦး (စုံစမ်းဆဲ) စီးနင်းလာသော JLM 100 အနက်ရောင် ဆိုင်ကယ်မှာ ရှေ့ယာဉ်များကို ကျော်တက်စဉ် တစ်ဖက်ယာဉ်ကြောသို့ရောက်ရှိသွားပြီး မြေသယ်ယာဉ်နှင့်မျက်နှာချင်းဆိုင် တိုက် မိခဲ့သည်။
ထိုသို့တိုက်မိစဉ် မြေသယ်ယာဉ်မှာ ဘရိတ်နင်းစဉ်နောက်မှ လားရာတူမောင်းနှင်လာသော ဆိုင်ကယ် နှင့် ချိတ်ပွတ်မှုဆက်လက်ဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်နောက်တွင်လိုက်ပါစီးနှင်လာသူ မချို(၃၇)နှစ်မှာ ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။ ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်း အမည်မသိအမျိုးသားနှစ်ဦးမှာ ယာဉ်တိုက်မှုကြောင့်ရရှိ သောဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့သဖြင့်အရေးယူပေးရန်တိုင်ကြားခဲ့သည်။ ဘုရားကြီးနယ်မြေရဲစခန်းက(ပ)၅၇/၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄-က/၃၃၈အရ မြေသယ်ယာဉ်မောင်းကို အမှုဖွင့်အရေးယူထားသည်။

















