ဇူလိုင် ၉ ရက် နံနက် ၇ နာရီခွဲ အချိန်ခန့်တွင် ရှမ်းပြည်နယ် ကျောက်မဲမြို့နယ်ပင်တိန်အုပ်စု ရင်ခွဲတောင်အနီးတွင် ခင်ဦးမြို့ တယ်ဘို့ပင်ကျေးရွာနေ ယာဉ်မောင်း မောင်စံ(ခ)စံထွန်းအောင် (၃၆)နှစ်နှင့် ယာဉ်လိုက် မျိ်ုးမြင့်အောင် (၄၄) နှစ်တို့ နှစ်ဦး မောင်းနှင်လိုက်ပါလာပြီး နွား အကောင် ၂၀ တင်ဆောင်လာသည့် ၁၂ ဘီးကုန်တင်ယာဉ်မှာ အဆိုပါရင်ကွဲတောင်အနီး ကားကိုရပ်တန့်ကာ ကားဘီးနပ်များကြပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဘီးနပ်များကြပ်ခဲ့ပြီးပြန်ထွက်စဉ် လက်နက်ကိုင်လူငယ်နှစ်ဦး သစ်ပင်နှစ်ပင်ကြားခြုံထဲ မှထွက် လာပြီး ပစ်ခတ်သွားခဲ့သဖြင့် ယာဉ်မောင်း မောင်းစံ(ခ)စံထွန်း အောင်မှာဝဲဖက် ရင်ညွန့်စောင်းတွင်ကျည်ဆံဖောက်ဝင်ဒဏ်ရာနှစ်ချက်ရရှိသေဆုံးခဲ့ကြောင်း ယာဉ်အကူလိုက်ပါလာသူ၏ ပြောပြချက်အရ သိရသည်။
အဆိုပါ နွားများကို မန္တလေးမြို့ရှိ ဖိုးဇော်ကုမ္ပဏီမှတင်ဆာင်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဒဏ်ရာရရှိသူကို ဆမ္မဆယ်လူမှုရေးအသင်းမှ ကျောက်မဲပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး သက်ဆိုင်ရာက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ကနဦးသတင်းများအရ သိရသည်။

















