ဖူးခက်၌ တရုတ်ခရီးသည်အများစုပါ သင်္ဘောနစ်မြုပ်မှု ကျယ်ပြန့်စွာရှာဖွေကယ်ဆယ်မှုပြုလုပ်ပေးရန် တောင်းဆို

ဖူးခက်၌ တရုတ်ခရီးသည်အများစုပါ သင်္ဘောနစ်မြုပ်မှု ကျယ်ပြန့်စွာရှာဖွေကယ်ဆယ်မှုပြုလုပ်ပေးရန် တောင်းဆို

ထိုင်းတောင်ပိုင်း ဖူးခက်ကျွန်း အနီးတွင် တရုတ်ကမ္ဘာလှည့်ခရီးသည် အများစုလိုက်ပါခဲ့သည့် သင်္ဘောနစ်မြုပ် မှုအတွက် ရှာဖွေကယ်ဆယ်မှုလုပ်ငန်း များကို ကျယ်ပြန့်စွာ ဆောင်ရွက်ပေးရန် တရုတ်နိုင်ငံက တောင်းဆိုလိုက်သည်။

ပေကျင်းတွင် ပုံမှန်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တရုတ် နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ်ဟွာချွန်းရင်က ထိုင်းအနေဖြင့် ကယ်ဆယ်ရေး စက်ဝန်းကိုချဲ့ထွင်ရန်နှင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွင် တပ်ဖွဲ့စုံပါဝင်ရန် တောင်းဆိုခဲ့ ခြင်းဖြစ်သည်။

တရုတ်ခရီးသည်အားလုံး မတွေ့မချင်း ရှာဖွေရေးလုပ်ငန်းများ ရပ်ဆိုင်းမည်မဟုတ် ကြောင်း ထိုင်းက ကတိပေးထားသည်ဟုလည်း ဟွာချွန်းရင်က ပြောဆိုသည်။

၁၀ ဦးပျေက်ဆုံး

၅ မီတာ(၁၆ ပေ)အမြင့်ရှိ လှိုင်းလုံးများ ကြောင့် ဖိုးနစ်အမည်ရှိ နှစ်ထပ်သင်္ဘော ဇူလိုင် ၅ ရက်ကနစ်မြုပ်ခဲ့ရာတွင် ဇူလိုင် ၉ ရက်အထိ အလောင်း ၄၂ လောင်းဆယ်ယူရရှိခဲ့ပြီး ၁၀ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ထိုင်းအာဏာ ပိုင်တို့က ကြေညာထားသည်။

သင်္ဘောပေါ်တွင် တရုတ်ခရီးသွားအများစု ဖြစ်သည့် ခရီးသည် ၉၃ ဦး လိုက်ပါခဲ့ကြောင်း မူလက သတင်းထုတ်ပြန်ခဲ့သော်လည်း ဇူလိုင် ၉ ရက်၌ ခရီးသည် ၈၉ ဦးဖြစ်ကြောင်း ဖူးခက် အုပ်ချုပ်ရေးမှူး နိုရာပက်ပလက်သောင်က ပြောဆိုခဲ့သည်။

သုံးပုံတစ်ပုံနီးပါး

လွန်ခဲ့သည့်နှစ်က တရုတ်မှ ကမ္ဘာလှည့် ခရီးသွား ၃၅ ဒသမ ၃၈ သန်းရှိခဲ့သည့်အနက် သုံးပုံတစ်ပုံနီးပါးသည် ထိုင်းနိုင်ငံသို့ သွားရောက် ခဲ့ကြောင်း သိရသည်။